Chapter 21 (uni)

727 20 0
                                    

မနက်ခင်းလေးကအေးစိမ့်စိမ့်ဖြစ်လာတာကြောင့် သက္ကဆက်အိပ်လို့မရတော့ပဲ အိပ်ယာကထလိုက်၏။ရင်ခွင်ထဲက ခင့်ကိုယ်လေးကိုစမ်းကြည့်တော့ ပုံမှန်ပဲမို့ စောင်ခြုံပေးကာနဖူးလေးကိုနမ်ပေးခဲ့ပြီး ရေချိုးခန်းထဲဝင်ခဲ့တော့သည်။မနက်6နာရီသာရှိသေးတာကြောင့် ရေနွေးနွေးလေးနဲ့ချိုးလိုက်ပြီး ခေါင်းပါလျှော်ပစ်လိုက်တော့တစ်ကိုယ်လုံးလန်းဆန်းသွားသည်။

အရေးကြီးသွားစရာကိစ္စကရှိနေသေးတာမို့ ခင်မနိုးခင်သွားပြီး ခင်မနိုးခင်ပဲသူအမြန်ပြန်လာရမည်မို့ အုပ်စိုးဆီဖုန်းဆက်လိုက်၏။ညကအဖြစ်အပျက်တွေကိုသူ့ခေါင်းထဲကတရိပ်ရိပ်မှတ်မ်နေတာကြောင့်တွေးလေဒေါသထွက်လေဖြစ်ရသည်။

"တူ တူ တူ"

"တူ တူ တူ"

သုံးလေးခါလောက်ခေါ်မှကာလနဂါးလေးကဖုန်းထကိုင်တော့၏။

"ဘယ်သူလဲကွ အိပ်ချိန်ကွ အိပ်ချိန် လခွမ်းပဲ နာရီလေးဘာလေးကြည့်ပြီးဆက်လေ"

အုပ်စိုးမှာ ဆိုင်ခွဲကမန်နေဂျ‌ာတွေဆက်‌တာထင်တာကြောင့်အိပ်ချင်မူးတူးနဲ့ ဖုန်းကိုမကြည့်ပဲတရစပ်ပြောတော့၏။

"မင်း ပြောလို့ပြီးပြီးလား"

"ဟမ် "

ဖုန်းကိုနားကခွာသေချာပြန်ကြည့်တော့မှ

"Boss"

"အေ ငါကွ"

"တောင်းပန်ပါတယ်ဗျာ ကျွန်တော်အိပ်ရေးမဝတာနဲ့ ဟဲဟဲ"

"ရယ်မနေနဲ့အမြန်ပြန်လာ သွားစရာရှိတယ်"

"ဟုတ် boss"

Bossရဲ့ တချက်လွတ်အမိန့်ကြောင့် အုပ်စိုးအမြန်ထပြီး ရေချိုးခန်းထဲသန့်စင်ပြီးမှထွက်ခဲ့တော့၏။အိမ်ကိုရောက်တော့ခြံရှေ့မှာတင်bossက ကြိုစောင့်နေကာ လက်ရှည်ဆွယ်တာအမဲနဲ့စတိုင်ပန်ဘောင်းဘီအမဲလေးကိုတွဲဖက်ဝတ်ဆင်ထားတာကြောင့် တောင့်တင်းသောခန္ဓာကိုယ်နဲ့လိုက်ဖက်လွန်းလှ၏။

"Boss"

"ငါသွားစရာရှိတယ် ခင်မနိုးခင်ပြန်ခဲ့မှာပေမဲ့ ခင်နိုးသွားလို့ငါ့ကိုမတွေ့လို့မေးလာရင် မနက်စာထွက်ဝယ်လ့်ုပြောထား"

အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)Where stories live. Discover now