Chapter 1 (uni)

3.8K 57 2
                                    


အလင်းကိုအမှောင်‌ဖုံးလို့ ညကိုတစ်ခါပြန်ရောက်လာပြန်တယ် လကွယ်နေ့ လမိုက်ညမို့ ‌လအလင်းမပြောနှင့် ကြယ်တွေတောင်သိပ်ပင်မမြင်ရပေ။
သက်ထက်ခင် ဒေါ်လေးသောင်းရီဆီအကြွေးတောင်းပြီးပြန်လာတော့ ညနေအတော်စောင်းနေပြီမို့ ရွာရောက်ဖို့ကလိုသေးသည်။ ကြောက်ကြောက်နှင့်သာ ပြန်ခဲ့ရပြီး လက်စွဲတော်အမေ့ဓာတ်မီးအဟောင်းလေးကိုသာ အားကိုးပြီးပြန်လာရသည်။

ခွေးအူသံတောက်လျှောက်ကြားနေရသော်လည်း ကြောက်လို့မဖြစ် ။ အမေအိမ်မှာတစ်ယောက်တည်းမို့ သူစိတ်ပူသည် သူအမြန်ပြန်ရမည်။ ထိုစဉ် ........

" အူးးးးဝူးးးး"

" အမေ့..."

ခွေးအူသံကြားပြီး ခင့် ကိုယ်လေးတစ်ချက်တုန်သွားတာ ခြေထောက်နားမှခလုတ်တိုက်မိသည့်အရာ‌ေလးကို ဓာတ်မီးဖြင့်ထိုးကာကြည့်တော့

" ဟင် လူတစ်‌ေယာက်ပါလား "

အနားသွားကာကြည့်မိတော့ သွေးသံရဲနေသော လက်ခုံတွေနှင့် မျက်နှာတစ်ခုလုံးအထိုးခံထားရလို့ရစရာကိုမရှိပေ။
မျက်ခုံးထူထူ နှာတံစင်းစင်းလေးလေးက ကြည့်ရဆိုးချေပြီး။ ဘယ်လိုလူတွေကများဒီလောက်ထိရက်စက်ပါလိမ့်လေ။

" အသက်ရောရှူသေးရဲ့လားမသိဘူး ဘုရား ဘုရား "

အတွေးထဲနစ်မြောမိတော့မလိုဖြစ်ကာ ခုမှသတိရသည်။ ဒီလူအသက်ရှင်သေးရဲ့လား အသက်ရှိသေးရင် သူသယ်သွားလို့ဖြစ်ပါ့မလားဆိုတာ။ဘာဖြစ်ဖြစ် လူ့အသက်တစ်ချောင်း ကယ်ကောင်းပါတယ်လေဟုတွေးကာ အနားကိုတိုးသွားမိသည်။ နှာခေါင်းနားလေညှိုးလေးဖြင့်ခံကြည့်ရင်း အသက်ငွေ့ငွေ့မျှရှူနေသေးတာသိရသည် ။ ဒီလူ့ကိုအိမ်ခေါ်ပြီး ဆေးကုပေးရမယ် ။ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် သူ့မျက်စိရှေ့ဒီလိုဖြစ်နေသူကိုထားခဲ့ဖို့မဝံ့ချေ။ ထို့ကြောင့် လေးလံနေသော ထိုလူရဲ့ကိုယ်လုံးကြီးကိုတွဲကာ ရွာသို့ တွဲတစ်လှည့်/ပိုးကာတလှည့်နှင့် အိမ်အပြန်ခရီးဆက်ရသည်။

နာရီဝက်ခန့်အကြာ အိမ်သို့ရောက်သော်...

" အမေ အမေရေ "

အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)Where stories live. Discover now