ခင့်ရဲ့ငါးလကျော်ဗိုက်လေးကစူပူကာတင်းနေ၏။မသိရင်မွေးတော့မယ့်အတိုင်း။နေရထိုင်ရတာမသက်သာသလို အထိုင်အထလည်းခက်လာသည်။
"ခင်ရရဲ့လား"
"ကျွတ် ကျွတ် ခါးနာလိုက်တာမောင်"
"လာ ဖြည်းဖြည်းလျှောက်"
ကိုယ်ဝန်လရင့်လာတော့အပေါ်ထပ်ကနေအောက်ထပ်ကိုပြောင်းနေခဲ့ကြသည်။သက္ကလည်းကုမ္မဏီကို လေးရက်တစ်ခါလောက်သာသွားကြည့်ပြီး ကျန်တာတွေကိုအုပ်စ်ုးနဲ့ပဲအပ်ထားခဲ့ရသည်။အိမ်မှာ ဒယ်ဒီနဲ့ခင့်မေမေရှိနေပေမဲ့ လူကြီးတွေမို့ခင့်ကိုအနီးကပ်မစောင့်ရှောက်နိုင်ပါ။အသက်အရွယ်ရလာပြီးဖြစ်တာကြောင့် ခင့်ကိုတွဲသွားတွဲလာလုပ်ပေးဖို့အဆင်မပြေတာမို့ သက္က ကိုယ်တိုင်ပဲပြုစုပေးဖြစ်သည်။
"ဆေးခန်းသွားစစ်ကြမယ်နော်ခင် ဒါလေးကငါးလကျော်ဗိုက်နဲ့တူမနေတော့ဘူးခင်ရဲ့ တစ်ခုခုဖြစ်မှာမောင်ကြောက်တယ် သွားရအောင်နော်"
"ဟုတ် မောင် ခင့်ကိုတွဲဦး"
သက္က လိုအပ်တာတွေယူလိုက်ပြီးဆေးမှတ်တမ်းပါမကျန်အောင်အစုံယူခဲ့လိုက်ပြီး ခင့်ကိုကားဆီတွဲခေါ်သွားတော့သည်။ထိုအခါ ခင့်မေမေမှ
"သမီးလေး မသက်သာဘူးလားဟင်"
"အဲ့လိုမဟုတ်ပါဘူးမေမေရဲ့ မောင်ကစိုးရိမ်နေတာမလ့်ုခင်တို့ဆေးခန်းသွားပြကြမလို့ပါမာမီ"
"အေအေ ကောင်းကောင်းသွားကြဦး ကားကိုဂရုစိုက်မောင်းကြ"
"ဟုတ် မေမေ"
သက္ကတို့ထွက်လာခဲ့ပြီး ဆေးခန်းရောက်တော့ ခင့်ကိုခဏထိုင်နားခိုင်းလိုက်သည်။ အလှည့်ရောက်လို့ဆေးစစ်ကြတော့
"ကိုယ်ဝန်သည်မိခင်က ကျန်းမာပါတယ်နော် ဘာမှမဖြစ်ပါဘူးရှင့် မူးဝေတာမျိုးရှိလို့လား"
"အဲ့လိုတော့မရှိပါဘူးဆရာမ ထိုင်ရထရနည်းနည်းခက်လာလို့ပါ ဗိုက်က နည်းနည်းအဆင်မပြေနေလို့"
"ဟုတ်ပြီး အဲ့တာဆို အက်ထရာဆောင်းသွားရိုက်ကြည့်ရအောင်လေ"
ဆရာမနဲ့အတူအက်ထရာဆောင်းရိုက်ကြတော့ ဆရာမက စာရွက်လေးတစ်ရွက်ကိုယူလာပြီး သက္က ကိုလာပြ၏။
YOU ARE READING
အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)
Romance"မောင့်ကို ခင်ကအများကြီးချစ်တယ် အမြဲတမ်းလည်းချစ်နေမယ် မောင်သာခင့်ဆီမြန်မြန်ရောက်အောင်ပြန်ခဲ့ပေးပါ" _ သက်ထက်ခင်_ "ကိစ္စလေးတွေပြီးရင်မောင်က ခင်နဲ့အတူနေမှာမို့ ဆက်ဆက်စောင့်နေပေးပါ ခင် မောင်ကချစ်တယ်နော်" _ သက္ကမင်း _