"Boss"
"အင်း"
"မနက်ဖြန် We groupကနေ ကုမ္မဏီနှစ်ပတ်လည်နေ့အတွက် ပါတီကျင်းပမလို့ ဖိတ်စာရောက်လာပါတယ်boss"
အုပ်စိုးလှမ်းပေးလာတဲ့ ပါတီဖိတ်စာလေးကိုသေချာဖတ်ကြည့်ပြီး မသွားချင်ပေမဲ့သွားကပေဦးမည်။ပါတနာခေါ်လာလို့ရတယ်ပြောထားတာကြောင့် အိမ်ကချစ်ဇနီးလေးကိုပဲခေါ်ထုတ်သွားပါမည်။
"သွားမယ် ပြင်ထားလိုက် အခုတော့အိမ်အရင်ပြန်ကြရအောင်"
"ဗျာ"
"ပါတီတက်ဖို့မင်းမမလေးကိုအဝတ်တွေပြင်ဆင်ပေးရမှာလေ"
"ဟုတ် boss"
နေ့ခင်းဘက်ကြီးအိမ်ပြန်ရောက်လာကြတာမို့ ခင်လေးကအံ့အားသင့်နေ၏။
"ဟော ဆရာတပည့်နှစ်ယောက်ရုံးအစောကြီးဆင်းလာကြတာပေါ့"
"အဟင်း ကိုယ်တို့ ညကျတခြားကုမ္မဏီကိုပါတီပွဲတက်ပေးရမှာမလို့ ခင့်ကိုအဝတ်တွေဝယ်ပေးဖို့လာဝင်ခေါ်တာ"
"ပါတီလား"
ခင်တစ်သက်နဲ့တစ်ကိုယ်ပါတီမတက်ရောက်ခဲ့ဖူးတာမလို့ ဘယ်လိုပြင်ဆင်ဝတ်စားသင့်လဲမသိသလို သူမကိုယ်တိုင်ကိုက မိတ်ကပ်ဘာညာတောင်ပုင်မတတ်တာမို့ မလိုက်ဖို့သာဆုံးဖြတ်လိုက်သည်။
"ခင် မလိုက်တော့ဘူးမောင် အဲ့လိုပွဲတွေခင်မတက်ဖူးတော့ မောင့်အတွက် အဆင်မပြေလောက်ဘူး"
"ဘာလို့အဆင်မပြေရမှာလဲ"
"ခင်အမှားလုပ်မိရင် မောင်မျက်နှာပျက်မှာစိုးလို့လေ မောင်"
"မဟုတ်တာ ခင့်အနားမောင်ရှိနေမှာမို့ လိုက်ခဲ့ပေးပါလားခင်ရာ နော် သူတို့ပွဲမှာ အတွဲကိုယ်စီနဲ့မောင်ကကျတစ်ယောက်တည်းလေဗျာ ဘယ်ကောင်းမလဲလို့"
အမလေးဗျားးးbossရာ ကျွန်တော့်လို့စင်ဂနယ်စစ်စစ်လေးကိုအားနာပါဦးလားဗျာ။ပါတနာနဲ့အတူတူပွဲတက်ရတယ်လို့သာသိထားတာ အဲ့ထဲရောက်ရင် အတွဲတွေအများကြီးကြားထဲသူကတစ်ကိုယ်တော်တစ်ယောက်တည်း စဉ်းစားကြည့်ကြပါဦး။
မောင်ကဒီလိုတောင်းဆိုလာတော့လဲခင်မငြင်းနိုင်ပြန်တာမို့ မောင့်အလိုကိုသာလိုက်ရင်း။
YOU ARE READING
အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)
Romance"မောင့်ကို ခင်ကအများကြီးချစ်တယ် အမြဲတမ်းလည်းချစ်နေမယ် မောင်သာခင့်ဆီမြန်မြန်ရောက်အောင်ပြန်ခဲ့ပေးပါ" _ သက်ထက်ခင်_ "ကိစ္စလေးတွေပြီးရင်မောင်က ခင်နဲ့အတူနေမှာမို့ ဆက်ဆက်စောင့်နေပေးပါ ခင် မောင်ကချစ်တယ်နော်" _ သက္ကမင်း _