Chapter 14 (uni)

712 17 0
                                    

ကိုယ်လေးနွေးကာ မှိန်းနေတဲ့ခင့်ကိုကြည့်ကာ သူလည်းရင်ထဲမချိပေ။ဖြစ်နိုင်ရင်ခင့်အစားသူသာဝေဒနာတွေခံစားလိုက်ချင်သည်။

ရေချိုးခန်းထဲကထွက်လာပြီး‌ခခင့်က်ုသူ့ရဲ့အနွေးထည်နဲ့ဘောင်းဘီကိုပေးဝတ်ထားလိုက်သည်။ ဝတ်စုံကကြီးနေတာမို့ ခင့်ကိုယ်လေးကသေးသေးလေးသာကျန်တော့သည်။အဆာပြေနဲနဲစားခိုင်းလိုက်ပြီး ဆေးတိုက်ပြီးမှ ပြန်မှိန်းနေခိုင်းလိုက်ကာ နောက်ဆုံး မီးဖိုချောင်ဝင်ရသူက သက္ကသာဖြစ်တော့သည်။

"Boss"

"အင်း ပြန်လာပြီလား"

"ဟုတ် boss ဟီး"

မျက်နှာချိုသွေးကာbossရှေ့သွားဖြဲပြလိုက်တော့

"ဟီးမနေနဲ့ ဒီတစ်ခါတော့ထား နောက်ဆို ကိုယ့်ကိုတိုင်ပင်ပါအုပ်စိုးတစ်ခုခုဖြစ်လာခဲ့ရင် ကိုယ်ပါနေမှအဆင်ပြေမှာ"

"ဟုတ် boss သိပါပြီးဗျ"

"အင်း သွားနားချေ"

လုပ်လက်စလေးကိုဆက်လုပ်ပြီး ချက်ပြုတ်ပြင်ဆင်ပြီးတော့မှ ခင့်ဆီသူတက်လာခဲ့သည်။

"မောင်"

"ဗျာ သက်သာရဲ့လားခင်လေး"

"သက်သာပါတယ်မောင် ဒါနဲ့ ခင်ကဒီညဘယ်မှာအိပ်ရမလဲဟင်"

"အော် ဒီမှာပဲအိပ်လေခိစ်သဲရဲ့ ကုတင်ကအကျယ်ကြီးကို"

"ဟို သင့်တော်ပါ့မလားဟင် ခင်တို့ကလက်မထပ်ရသေးပဲနဲ့...."

အတူနေအစား တစ်ကုတင်တည်းအိပ်ဦးမှာဆိုတော့ အပိုပြောတာမဟုတ်ပေမဲ့ ခင့်ကိုမောင်အထင်သေးမှာကြောက်မိသည်။ခင့်ချစ်သူကိုခင်ယုံပြီး ဘဝကိုပေးအပ်ရဲခဲ့ပေမယ့် ခင့်ကိုသာတန်ဖိုးမထားတော့ရင် ခင်ကလွယ်လွန်းလ့်ုသူစိတ်ပျက်သွားရင်ရော။

"ဘာတွေတွေးနေတာလဲ"

ခပ်စပ်စပ်ထွက်လာတဲ့မောင့်အသံကြောင့် ခင်လေးကိုယ်လေးတုန်တက်သွားသည်။

"ဘာလို့အော်နေတာလဲမောင်ရဲ့"

"အော်တာတော့မဟုတ်ပေမဲ့ ခင်တလွဲတွေတွေးနေမှာ မောင်မကြိုက်ဘူးနော် ဘာလဲမောင်နဲ့ရေချိုးခန်းက ကိစ္စမှာခင်ကနောင်တရနေတာလား"

အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)Where stories live. Discover now