လာတုန်းကတော့မောင့်ဆီခဏအလည်လာရုံဆိုပေမဲ့ မောင်ကမေမေ့ဆီအကြောင်းကြားကာ နောက်လနေမှအတိူပြန်ခဲ့မည်ဖြစ်ကြောင်းပြောထားတာမို့ ခင်မပြန်ဖြစ်သေးပါ။
မနက်မှာ အစောကြီးထပြီး မောင့်အတွက်ထမင်းဝိုင်းပြင်ပေူရတာသဘောကျသလို နေ့လည်မှာလည်းထမင်းအတူလက်စုံစားရတာပျော်ရသည်။သေချာတာတစ်ခုကတော့ ခင်ကမောင်နဲ့အတူရှိနေရင်အရမ်းပျော်တယ်ဆိုတာပါပဲ။
"မမလေး"
"ဟွန်"
"အစောကြီးထလို့ပါလားဗျ"
"အင်း ခင်ကမနက်စာချက်ပေးနေတာအုပ်စိုးရေ"
"Bossရော"
"မနိုးသေးဘူး မောင်ကအိပ်နေတုန်း ညကပင်ပန်းထားတာလေ"
"အဟွတ် ဗျာ"
အုပ်စ်ုးသောက်နေတဲ့ရေပင်သီးသွားသည်။
"အယ် ဟို ခင်ပြောတာက ညကသူစာရင်းတွေစစ်နေရင်းညနက်သွားလို့ပင်ပန်းတယ်ပြောတာပါ"
ခင်ကဒီတိုင်းပြောတာကို အုပ်စိုးကဘာတွေးထင်လည်းမသိပါ။နားရွက်တွေနီရဲကာရေပင်သီးနေတာမို့အမြန်ဖြေရှင်းလိုက်ရသည်။
"အော်"
တော်သေးတာ တကယ်တော်သေးတာ။bossတို့များ အိမ်မှာလူပျိုလေးတစ်ယောက်ရှိသေးတယ်ဆိုတာရောသိသေးရဲ့လားတောင်မသိဘူးကဲကိုကဲတယ်။ဟိုတစ်ခါကဆို အခန်းကနေမကြားဝံ့မနာသာသောအသံတွေထွက်လာတာမို့ မနက်ရုံးသွားခါနီးတော့အုပ်စိုးပြောလိုက်မိသည်။
" Boss"
"ပြော"
"ညက ဘာအသံကြီးတုန်း"
သက္က မျက်မှောင်ကြုံ့ကာကြည့်လိုက်ရင်း
"ဘာကိုလဲကွ"
"Bossတို့အခန်းကလေ မမလေးအော်သံ"
"အော် မနေ့ကခင့်အတွက်ဝယ်လာပေးတဲ့နားကပ်တပ်ပေးနေတာလေ ညဘက်ကြီးဆိုတော့ ကိုယ်လည်းသိပ်မတွေ့ရတာနဲ့သူ့အသားကိုမတော်တဆရှမိသွားတာ ဘာထင်လို့လဲ"
"ဘာမှမထင်ပါဘူး ရုတ်တရက်ကြီးဆိုတော့"
"ကလေးက ကလေးလိုနေမစပ်စုနဲ့"
YOU ARE READING
အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)
Romance"မောင့်ကို ခင်ကအများကြီးချစ်တယ် အမြဲတမ်းလည်းချစ်နေမယ် မောင်သာခင့်ဆီမြန်မြန်ရောက်အောင်ပြန်ခဲ့ပေးပါ" _ သက်ထက်ခင်_ "ကိစ္စလေးတွေပြီးရင်မောင်က ခင်နဲ့အတူနေမှာမို့ ဆက်ဆက်စောင့်နေပေးပါ ခင် မောင်ကချစ်တယ်နော်" _ သက္ကမင်း _