Chapter 9 (zawgyi)

3 0 0
                                    

ဒီနေ့နဲ့ဆို ခင်လေးဆီသူရောက်နေတာ၅လပြည့်ပြီး။
ချစ်သူသက်တမ်းလည်း၅လပြည့်တော့မည်ပင် ။ သူကတော့သူ့အိမ်သူလေးကိုမခွဲခွာရက်ပေမဲ့ မကြာခင်ပြန်ရမဲ့အချိန်ကနီးလာလေပြီး။ ဒီဘက်မှာလဲခင်လေးတို့အနားခဏနေပေးရင်း သူ့အတွင်းရေးမှူး အုပ်စိုးဆီလည်းဆက်သွယ်ကာအခြေအနေကောင်းမကောင်းမေးမြန်းရသေးသည်။ ခုတလော ခွန်းညိုက ကုမ္ဗဏီတစ်ခုလုံးကိုလက်ဝါးကြီးအုပ်လာကာ ဝန်းထမ်းတွေကိုဖိအားပေးလာသည်တဲ့။

သူစိတ်တိုင်းမကျရင်အလုပ်ထုတ်ပြီး တွေ့ကရာဝန်ထမ်းကောက်ခေါ်သည်။ သူ့ရည်ရွယ်ချက်က သက္ကတို့ကိုသာမက သက္ကတို့ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေကိုပါကြီးစိုးချင်ပုံပေါ်ပါသည်။

" ပြန်လာရင် စာရင်းရှင်းကြတာပေါ့ ခွန်းညို"

Ring Ring....

"အင်း အုပ်စိုး ပြော"

"ဘယ်တော့လောက်လာကြိုရမလဲboss"

"နောက်နှစ်ရက်နေရင်လာခဲ့ ဘယ်သူမှမသိအောင်လာဘယ်သူ့က်ုမှလဲပြောပြမထားနဲ့ ငါ့အိမ်ကကားကိုယူမလာနဲ့ဦး ကုမ္ဗဏီက ကားနဲ့ပဲထွက်ခဲ့"

"ဟုတ်ကဲ့ boss"

"အော် ပြီးတော့ ငါ့အတွက်ဝတ်စုံတွေယူပေးခဲ့ဦး"

"ဟုတ်boss"

"အင်း ဒါပဲ "

အုပ်စိုးကိုမှာစရာရှိတာမှာကြားပြီးနောက် ခင်လေးဖုန်းလေးကိုသူ့အိတ်ထဲပြန်ထည့်ပေးခဲ့ပြီး ခင်လေးရှိရာမီးဖိုချောင်ထဲဝင်ခဲ့လိုက်သည်။

"ဘာတွေချက်နေတာလဲ ခင်လေး"

ချက်ပြုတ်နေတဲ့ခင်လေးနောက်ကျောလေးကိုအသာဖက်လိုက်ပြီးပုခုံးပေါ်မှေးတင်ထားလိုက်သည်။ ဆံပင်အရှည်ကြီးတွေကိုထုံးဖွဲ့ထားကာ ပါးပြင်ကသနပ်ခါးမွှေးမွှေးလေးက လူကိုမြူဆွယ်နေသည်။

" ဒီမှာ မောင့်အကြိုက် ခရမ်းသီးနှပ် ငါးကြော်နဲ့ငါးပိရယ်တို့စရာရယ်ပြင်ပေးထားပြီးမောင့်ရဲ့"

"ဒီနေ့တော့ထမင်းမြိန်ဦးမယ်မောင်တော့"

"အဟင်း များများစားပါမောင်ရဲ့ ဒါမှခင်လေးလက်ရာကိုမမေ့မှာ"

အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)Where stories live. Discover now