ခွန်းညို ထောင်ကျပြီးနောက် ဦးမင်းညိုကသူ့သားရှုပ်ထားတာတွေပြန်းရင်း သူတ့်ုကုမ္မဏီကိုပါထိခိုက်သွားတာကြောင့် လုပ်ငန်းရှင်တချို့ရှယ်ယာပြန်ထုတ်ကြသည်။ ပေးလိုက်ရတဲ့ငွေနဲ့ ဆုံးရှုံးသွားတာတွေကြောင့် ဦးမင်းညိုမှာအဝတ်တစ်ထည်ကိုယ်တစ်ခုသာရှိတော့၏။သူလည်းနောင်တရကာ ရာသက်ပန်ဘုန်းကြီးဝတ်သွားတော့သည်။ခွန်းညိုခ်ုင်းထားတဲ့လူမိုက်ကြီးတွေမှာလဲ ခွန်းညိုထောင်ကျတာသိပြီးရှောင်ပုန်းနေပေမဲ့ သက္က ကရေဆုံးမြေဆုံးရှာတာကြောင့်လက်ပူးလက်ကြပ်မိကာအဖမ်းခံကြရသည်။
သက္ကတို့ကုမ္မဏီမှာ သတင်းစာရှင်းလွဲလုပ်အပြီး တဖြည်းဖြည်းပြန်လည်တ်ုးတက်လာကာ လုပ်ငန်းရှင်တွေနဲ့လူတွေဆီကယုံကြည်မှုပါထပ်မံရလာခဲ့သည်။တစ်ဆက်တည်းခင်နဲ့သူ့ရဲ့ဆက်ဆံရေးကိုပါချပြလိုက်ကာ မကြာခင်လက်ထပ်တော့မဲ့အကြောင်းပါဖွင့်ဟပြောလိုက်သည်။သူဖုံးကွယ်မနေချင်တော့ပါ။ခင့်ကိုပိုင်ဆိုင်ကြောင်းချပြချင်နေပြီးမို့။
အဲ့နေ့ကခင်ကအိမ်မှာပဲနေကာ ပန်းပင်လေးတွေစိုက်နေလိုက်သည်။အိမ်ကြီးကသန့်နေကာ အပင်တချို့အုပ်ဆိုင်းနေတာကြောင့်အေးစက်စက်ရှိပြီးတိတ်ဆိတ်သည်။ခြံကြီးက ကျယ်ဝန်းတာကြောင့် နှစ်ထပ်တိုက်အိမ်ကြီးတစ်လုံးရယ်နဲ့ ခြံစည်းရိုးဘေးမှာ ရွှေသပြေပင်လေးတွေစိုက်ထားတဲ့နေရာအထိ အပန်းဖြေတဲကလေးတစ်လုံးဆောက်ထားသည်။ဘေးမှာရေကူးကန်လေးတစ်လုံးရှိပြီး အိမ်ရေီ့မှာတော့ရိုးရှင်းစွာဖြင့် ပန်းပင်လေးတွေသာရှိသည်။
နောက်ဖေးမှာတော့မြေကွက်ကလွတ်နေတာကြောင့် ခင် စားပင်လေးတွေစ်ုက်ပျိုးဖို့တွေးထားလိုက်သည်။ဘာမှထွေထွေထူးထူးသန့်ရှင်းစရာမရှိတာကြောင့် သစ်ရွက်လေးအနဲငယ်ကိုလှဲကျဉ်းကာအပင်အောက်မှာပုံထားလိုက်သည်(သစ်ရွက်တွေဆွေးသွားရင်မြေဩဇာဖြစ်သွားတယ်ကြားဖူးလို့ ဒီဘက်မှာလဲအဲ့လိုအသုံးများတာမို့ထည့်ရေးရခြင်းပါ)။
"ပြီးပြီး ဘာမှလဲလုပ်စရာရှိမနေဘူး ဒါမှမဟုတ် မောင့်ဆီနေ့လည်စာသွားပို့ရင်ကောင်းမလား"
YOU ARE READING
အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)
Romance"မောင့်ကို ခင်ကအများကြီးချစ်တယ် အမြဲတမ်းလည်းချစ်နေမယ် မောင်သာခင့်ဆီမြန်မြန်ရောက်အောင်ပြန်ခဲ့ပေးပါ" _ သက်ထက်ခင်_ "ကိစ္စလေးတွေပြီးရင်မောင်က ခင်နဲ့အတူနေမှာမို့ ဆက်ဆက်စောင့်နေပေးပါ ခင် မောင်ကချစ်တယ်နော်" _ သက္ကမင်း _