ဒီနေ့က၈ရက်နေ့ ဘုန်းကြီးကျောင်းဆွမ်းပို့ဖို့အတွက် ခင်လေးမနက်၄နာရီမထိုးခင်ကတည်းကပြင်ဆင်ခဲ့ရသည်။ အကိုကအများကြီးသက်သာနေပြီးဖြစ်ပေမဲ့ ခင်လေးဘယ်သွားသွားလိုက်နေတဲ့အကိုကြောင့် ပင်ပန်းနေမှာပင်။
ချက်ပြုတ်ပြင်ဆင်ပြီးသည်နှင့် ရေမိုးချိုးကာ အဖြူရောင်ဝမ်းဆက်အပွင့်ပေါ်အနီရောင်နှင်းဆီပွင့်ပုံရင်ထိုးလေးထိုးထားသည်။ သနပ်ခါးရေကျဲလေးလိမ်းကာ တင်ပါးထိရှည်သောထူပြီးနက်မှောင်သောဆံကေသာတို့ကို တစ်ဝက်စည်းကာကျောဘက်တွင်ဖြန့်ချထားသည်။ ပုဝါကိုပုခုံးပေါ်တင်ကာ နာရီကြည့်တော့၅နာရီခွဲခါနီးပေပြီးမို့ ခပ်သွက်သွက်သွားရပေဦးမည်။
အမေက ခင်လေးနဲ့မတူအစောကြီးထကာ ဘုရားဝတ်ပြုပြီးတာမို့ ပြန်မှေးနေသည်။
"အမေ ခင်လေး ဘုန်းကြီးကျောင်းသွားပြီးနော်"
"အေအေ သမီးရေ ဂရုစိုက်ဦး"
"ဟုတ်အမေ"
သက္ကကတော့ တစ်မနက်နဲ့တစ်နေ့ခင်းလုံး ခင်လေးနောက်လိုက်နေရတာနှင့်ပင်မောပြီး နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတော့သည်။
၈ရက်နေ့မို့ ရက်ကွက်ကအိမ်တိုင်းမှာ အပျိုလူပျိုလေးတွေကမနက်စောစောထကာ ဆွမ်းချိုင့်အတွက်ပြင်ဆင်ချက်ပြုတ်ကြရသည်။ လူကြီးတွေကတော့ နေထွက်ခါနီးလောက်မှလိုက်လာကြမည်မို့လမ်းတွင်တွေ့သမျှအပျိုလူပျိုတွေနှင့်တက်တက်ကြွကြွဖြစ်နေပေသည်။
" ခင်လေး"
"ဟေ အယ် နံ့သာ ခုမှဆွမ်းသွားပို့မို့လား"
"အေးဟ ငါအိပ်ယာထနည်းနည်းနောက်ကျလို့"
"တူတူပါပဲဟယ် မြန်မြန်သွားကြမယ် ဆွမ်းဝိုင်းပြင်ရဦးမှာ"
လမ်းမှာဆုံတဲ့သူငယ်ချင်းလေးနံ့သာနဲ့ အဖော်ကသွားပြီး ဘုန်းကြီးကျောင်းသို့ခပ်သွက်သွက်ပင်သွားလိုက်ကြသည်။
ဆွမ်းစားဓမ္မရုံတွင်တော့ ဆွမ်းပို့သူ/ ဆွမ်းဝိုင်းပြင်ကာ ချုက်ပြုတ်ပေးနေသော ဆရာလေး(ရောဂီဝတ်)များနှင့် အပျိုလူပျိုတချို့ရှိနေသည်။
YOU ARE READING
အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)
Romance"မောင့်ကို ခင်ကအများကြီးချစ်တယ် အမြဲတမ်းလည်းချစ်နေမယ် မောင်သာခင့်ဆီမြန်မြန်ရောက်အောင်ပြန်ခဲ့ပေးပါ" _ သက်ထက်ခင်_ "ကိစ္စလေးတွေပြီးရင်မောင်က ခင်နဲ့အတူနေမှာမို့ ဆက်ဆက်စောင့်နေပေးပါ ခင် မောင်ကချစ်တယ်နော်" _ သက္ကမင်း _