Taehyung ကတော့သူဂတိအတိုင်းမနက်တိုင်းထိုအိမ်ကြီးသို့ရောက်လာတာ ဒီနေ့နဲ့ဆို 3ရက်မြှောက်နေ့ပေါ့ တနေ့ကလည်း သွေးတွေနဲ့ပြန်လာတဲ့ ထိုလူကြီးကြောင့် ခုဆို Taehyung က သူ့ရဲ့ဦးလေးကြီးကို အရင်ကထက်ပိုကြောက်လို့နေသည်..
" ဆရာမရှိဘူး ဒါပေမယ့် မင်းလုပ်စရာရှိတာလုပ်ပြီးပြန်သွား "
" ဟုတ်ကဲ့ "
Jungkook မရှိဘူးဆိုတဲ့စကားကြောင့် Taehyung ကြိတ်ပြီးဝမ်းသာသွားသည်..ဒါဆို သူလွတ်လွတ်လပ်လပ်အိမ်ထဲနေလို့ရပြီး သန့်ရှင်းရေးလုပ်လို့ရပြီလေ.. မဟုတ်ရင် ဧည့်ခန်း မှာအမြဲရှိနေတက်တဲ့ Jungkook ကြောင့် သူ့မှာကျောမလုပ်သလိုခံစားနေရတာအမြဲ..
အိမ်သန့်ရှင်းရေးလုပ်ရင်း စာအုပ်လေးကိုင်ကာ စာဖတ်နေတဲ့ Tarhyung..အလုပ်လည်းလုပ်ရ ကျောင်းစာကလည်း ဆေးကျောင်းသားဆိုတော့ အချိန်မပျက်လုပ်နေမှတော်ကာကြသည်..ဒါကြောင့် အလုပ်နှစ်ခုအမြဲလုပ်ဖြစ်နေတာအကျင့်လိုတောင်ဖြစ်နေသည်..
...
ဗီယမ်နမ်ကို သွားတဲ့လေယာဥ်ပေါ်မှာ ခဏမျှမှိန်းနေတဲ့ Jungkook..တနေ့က လူလွတ်သွားတဲ့သူ့ကိုပြန်တွေ့ပြီး ဖမ်းထားတာကြောင့် ထိုကိစ္စရှင်းရန်လိုက်သွားခြင်းဖြစ်သည်..
လေယာဥ်ပေါ်ကဆင်းသည်နှင့်ဖုန်းကိုထုတ်ကာ သူ့အိမ်အခြေအနေကို လျိုဝှက်ကင်မရာတွေကနေတဆင့် လှမ်းပြီးအကဲလိုက်တော့ အိမ်ရဲ့ဧည့်ခန်းမကြီးထဲ သန့်ရှင်းရေးလုပ်ရင်းစာကျက်နေတဲ့ ကောင်လေးကိုသာတွေ့ရသည်..ထိုကောင်လေးရဲ့အနောက်တကောက်ကောက်လိုက်နေတဲ့ သူ့ရဲ့အချစ်တော် Bam..
သူလိုလုပ်ငန်းလုပ်ကိုင်နေသူတွေအဖို့ဘယ်ချိန်နောက်ကျောဓားနဲ့ထိုးမယ်ဆိုတာမသိရသလို ခုလိုဝင်ရောလာတဲ့ လူတွေကလည်း ဘယ်ထောက်လှမ်း ရေးကမှန်းဆိုတာမသိနိုင်တာရှိပေမယ့် ဘာကြောင့် ထိုကောင်လေးကို သူ့အိမ်မှာအလုပ်လုပ်ခိုင်းခဲ့လည်း ဘာလို့များလည်းဆိုတာ သူပဲသိမည်..
ကောင်လေးအခြေအနေက အမြဲလိုလို ထိုပုံစံလေးပဲဆိုပေမယ့် ကြောင်တွေက အသုံးလိုမှလက်သည်းထုတ်တက်ကြသည်ဆိုတဲ့ အတိုင်း Taehyung ကိုလည်း သူမယုံပါ..သူ့မှာ ယုံကြည်ရတာဆိုလို့ သူ့နဲ့လက်ရည်တူ သူ့ရဲ့နောက်မှာအမြဲရှိတဲ့ ညီကိုရင်းခြာလိုဖြစ်နေတဲ့ Suga ဆိုသူသာ..