" ထွက်မသွားပါနဲ့ အနားမှာနေပေးပါ "
သူရဲ့ ဗိုက်သားလေးကိုပါးပြင်ကပ်ကာ ခါးလေးကိုဖက်ထားပြီး တိုးတိုးလေးပြောလာတဲ့ UJay.. Taehyung ဟာ UJay ရဲ့ ပါးပြင်လေးကိုကိုင်ကာလက်ကလေးဖြင့်ပွတ်လိုက်တော့ စိုစိစိခံစားလိုက်ရတာကြောင့် UJay ရဲ့ ဒူးထောက်ထိုင်လိုက်ပြီး ပါးပြင်ကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ မျက်နှာကိုကြည့်လိုက်တော့ အားပျက်နေသယောင် နှုတ်ခမ်းသားတွေက ဖြူလို့နေပြီး နဖူးပြင်မှာချွေးစေးတွေပါထွက်နေသည်..
" UJay နေမကောင်းဘူးလား "
ထပ်မှန် Taehyung ရဲ့ ပခုံးပေါ် ခေါင်းလေးမှီလိုက်ပြန်ကာ..
" ဒီည UJay နားမှာနေပေးလို့ရမလား ကလေးငယ်"
" ဗျာ! "
ဟုဆိုလိုက်ချိန်မှာပဲ သူ့ပခုံးပေါ်မှီထားရာကနေ ဘေးသို့လဲကျသွားတာကြောင့် Taehyung မှာ အချိန်မှီထိန်းကာ ဖက်လိုက်ရသည်..
" UJay UJay "
UJay ရဲ့ ကိုယ်လုံးကို ဆိုဖာမှာ လဲစေလိုက်ပြီး အိမ်ရှေ့ကိုပြေးထွက်သွားကာ UJay နဲ့ အရင်းနှီးဆုံးသက်တော်စောင့် ဦးလေးကြီးကိုပြေးခေါ်လိုက်သည်..
" ဦးလေးကြီး UJay UJay နေမကောင်းဘူး ခုလဲကျသွားလို့ "
" ဘာ!"
ချက်ချင်းပဲ Taehyung နဲ့တူတူအိမ်ထဲသို့ သက်တော်စောင့်သုံးယောက်လောက်ပြေးဝင်လာကာ တယောက်က suga စီဖုန်းဆက်လိုက်ပြီး.တယောက်က UJay ကို ပွေ့ချီလို့ တယောက်က အခန်းတံခါးအဆင့်သင့်လိုက်ဖွင့်ပေးကာ Taehyung ကတော့ အနောက်ကနေပြေးလိုက်သွားသည်...
"ဦးလေးကြီး UJay ဘာဖြစ်တာလည်း.ဘယ်ချိန်ထဲကနေမကောင်းဖြစ်နေတာလည်း "
" ဆရာ suga ပဲသိမှာပါ "
Taehyung တယောက်ထဲ UJay နားမှာရှိနေပြီ မျက်နှာပြင်ပေါ်မှာထွက်နေတဲ့ ချွေးစေးတွေကို လက်ကိုင်ပုဝါလေးနဲ့သုတ်ပေးကာ UJay ရဲ့ လက်ကိုကိုင်လို့ထားကာ တချိန်လုံးအရိပ်တကြည့်ကြည့်ကြည့်နေမိသည်..ထိုအချိန် အဖေဖြစ်သူစီက ဖုန်းဝင်လာတာကြောင့် အိတ်ထဲက ဖုန်းလေးကိုထုတ်ကာ မြန်မြန်ကိုင်လိုက်သည်..