UJay ကိုနေတိုင်းအပ်ပေးတယ်နော်.. မန့်လေးဘာလေးပေးကြအုံး ဒီမှာအားပျက်နေပြီသိကြားလား ဟွန့်
.
.
." ချစ်လား "
"ဗျာ အစ်!"
" UJay ကို ကလေးငယ် ပြန်ချစ်နိုင်မလားဆိုတာသိချင်တယ် "
" အစ်! "
သူ့ရဲ့ပခုံးပေါ်မှီထားရင်း မေးနေတဲ့ တိုးညှင်းလှတဲ့ UJay ရဲ့ အသံက နားထဲသို့တစိမ့်စိမ့်နဲ့ဝင်လို့လာသည်..သူ့မှာတော့ အရမ်းတွေစိတ်လှုပ်ရှားနေတာပဲသိတာကြောင့် ကြို့ကလည်းထိုးတာမရပ်တော့..
" အဲ့ ကြို့ထိုးတာကိုရပ်အောင်လုပ်လို့ရတဲ့နည်းရှိတယ်သိလား ကလေးငယ် "
Taehyung မှာ ခေါင်းလေးသာခါပြလိုက်တော့ သူ့ပခုံးပေါ်မှီထားပြီးနေနေတဲ့ UJay ဟာ ခေါင်းထောင်ကာ မျက်နှာခြင်းဆိုင် ပါးပြင်လေးကိုအုပ်ကိုင်လိုက်ပြီး..
" အနမ်းပေးရင် ရပ်သွားတယ်"
ထိုစကားကြောင့် Taehyung ရဲ့မျက်လုံးလေးဟာပြူးသထက်ပြူးလို့သွားကာ ပါးမို့မို့လေးနှစ်ဖက်ဟာလည်း ရဲတက်လို့သွားသည်..
သူရဲ့ပါးပြင်ကိုအုပ်ကိုင်ထားတာကို အခွင့်ကောင်းယူကာ ခါးမဖက်ထားတာကြောင့် UJay လက်ထဲကနေလွှတ်နေသလို ပေါင်ပေါ်ကနေချက်ချင်းထကာ ထမင်းစားခန်းထဲသို့ပြေးထွက်သွားတဲ့ Taehyung..ထမင်းစားခန်းထဲကနေလှမ်းအော်ပြီးပြောလာသည်က..
" UJay ကျွန်တော်နေ့လည်စာချက်လိုက်အုံးမယ် "
Taehyung တယောက် ရေခဲသေတ္တာ ထဲကနေ နေ့လည်စာချက်ရန်လိုအပ်တာတွေထုတ်ပြီး ဘေစင်မှာဆေးကျောနေချိန် အနောက်ကနေရောက် လာတဲ့ UJay..
သူရဲ့နောက်မှာရပ်လို့ ကိုယ်လုံးလေးကိုရင်ခွင်ထဲထည့်ကာ အုပ်မိုးထားသလို Taehyung ရေဆေးနေတဲ့ လက်ကလေးနှစ်ဖက်ကို အပေါ်ကနေအုပ်ကာကိုင်လိုက်ပြီး ပခုံးပေါ်မေးလေးတင်လို့..
" ခုလိုတူတူချက်မလား အပြင်မှာသွားစားမလား "
Taehyung မှာ အနေကခက်လို့ ရေဆေးနေတဲ့သူရဲ့လက်ကိုအုပ်ကိုင်ထားတာကိုလည်းရုန်းလိုက်သလို ကိုယ်လုံးလေးကိုလည်းလှည့်လိုက်မိတော့ ခုအခြေ အနေမှ မျက်နှာခြင်းဆိုင်ဖြစ်ကာ ရင်ခွင်ထဲပိုရောက်လို့သွားတော့သည်..