တင်းတောင်!
မနက်စောစော ဘဲလ်သံကြောင့် မနက်စာ အသားကင်ကိုလှီးနေတဲ့လက်တို့ဟာ အလိုလိုရပ်တန့်သွားပြီးသည်နှင့်အတူ မျက်မှောင်ကလည်း ကွေးလို့ပြီးသား..
" ဘယ်သူလာတာလည်း "
" ဆရာ မနေ့က ကလေးပါ "
"ဖွင့်ပေးလိုက် "
Taehyung တယောက် တံခါးရှေ့လေးမှာ မက်တက်ရပ်ကာစောင့်နေတုန်း ဂျလောက်ဆိုတဲ့ အသံနဲ့အတူ တံခါးပွင့်လာတာကြောင့် တံခါးလေးကိုအသာဆွဲကာ အိမ်ထဲသို့ဝင်လာလိုက်ချိန် အထဲမှာ ရပ်နေတဲ့ လူကြီးနှစ်ယောက်ကိုမြင်ကာ လန့်သွားပြီး အနောက်သို့ယိုင်လို့သွားသေးသည်..
ထိုလူကြီးနှစ်ယောက်ကို ခေါင်းလေးငုံ့ကာ မပြုံးတပြုံးလေးပြုံးပြကာ ခြံထဲသို့လမ်းလျှောက်လာတော့ နေရာတော်တော်များများမှာ လူကြီးတွေ အများကြီးရပ်နေတာကို သူသတိ ထားမိသည်..
သူလည်းတောင်ကြည့်မြောက်ကြည့်နဲ့လျှောက်လာနေတုန်း ခြံအနောက်က အညိုရောင်ခွေးကြီးတကောင်ဟာ သူ့ရှိရာသို့ အရိုန်နဲ့ပြေးလာတာကိုမြင်တော့ Taehyung တယောက်ဘာလုပ်လို့ဘာကိုင်ရမလည်းမသိသလို ထွက်ပြေးရအောင်လည်း ဒီခွေးပြေးလာပုံနဲ့ သူမလွှတ် Taehyung ကြံမရတဲ့ အဆုံး အနားရောက်လာတော့မယ့်ခွေးကို လက်ကိုဆန်ထုတ်ကာ သေနပ်ပုံစံလုပ်လိုက်ပြီး Bam လို့ ပစ်လိုက်ချိန်မှာ အညိုရောင်ခွေးကြီးဟာ မြက်ခင်း ပြင်ပေါ်သို့လဲကျသွားတော့သည်..
Taehyung တယောက် သူလုပ်လိုက်လို့ လဲကျသွားတာကြောင့် သူ့လက်ညိုးသူကြည့်ကာ တကယ်ပဲသေသွားတာလားလို့ အနားကိုဖြေးဖြေးလေးတိုးကြည့်တော့ ငေါက်ခနဲထလာတဲ့ ခွေးကြီးကြောင့် သူ့မှာဖင်ထိုင်လျက်လဲကျသွားတော့သည်..
အဲ့အချိန်သူတွေးမိလိုက်တာက ဒီခွေးကြီးငါ့ကိုအသေကိုက်တော့မှာပဲဟုတွေးလိုက်မိကာ ခေါင်းငုံလိုက်ပေမယ့် သူ့ကိုတရှုံရှုံနဲ့နမ်းကာ လျှာဖြင့်လျက်နေတော့မှ Taehyung မှာဖြေးဖြေးခြင်းခေါင်းထောင်ကြည့်ကာ ထိုခွေးကြီးက သူ့ကိုအမြီးတနှံံနှံနဲ့ဆော့ဖို့ခေါ်နေသည်.. Taehyung လဲ ခွေးကြီးရဲ့ခေါင်းလေးကိုပွတ်ကာ