စားမေးပွဲဖြေပြီးတာကြောင့် ကျောင်းကလည်းပိတ်လို့ထားသည်..အိမ်ကနေဘယ်လိုပြောပြီးထွက်ရမည်ဆိုတာကလည်းစဥ်းစားမရ နေ့တိုင်းထွက်ဖို့ကိုသူဘယ်လိုပြောရမလည်းဟုသာတွေးရင်း အဖေကအလုပ်သွားတာကြောင့် နေမကောင်းတဲ့ အမေကိုသာသူလိမ်ရမည်..
" သား ဘယ်သွားမလို့လည်း "
" ဟိုလေ ဟို အမေသားကျောင်းပိတ်ရက်မှာလေ စာ စာလေ့လာထားမလို့ အဲ့တာ Jimin ကသူတို့အိမ်မှာ စာတူတူလုပ်ကြမယ်ဆိုလို့လေ အဲ့တာ သားနေတိုင်းသွားမယ်နော် အမေ "
" ဟုတ်လား ကောင်းတယ်ကောင်းတယ် ဂရုစိုက်သွားအုံး ကလေးလေး "
အမေဖြစ်သူရဲ့ ကလေးလေးဟုခေါ်လိုက်တဲ့စကားသံမှာနဂိုကြားနေကြခေါ်သံဖြစ်နေပေမယ့် ဒီနေ့မှထူးခြားနေသလို ခေါင်းထဲရောက်လာပြန်တဲ့ ညက UJay ခေါ်တဲ့ ကလေးငယ် ဟုဆိုသည်အသံ..
Taehyung တယောက်တလမ်းလုံးထိုခေါ်သံကိုသာနားထဲကြားယောင်နေမိနေတာ မျက်နှာပေါ်မှာလည်း မသိမသာသဘောကြသိ အရိပ် အယောင်လေးသမ်းလို့နေသည်..
UJay အိမ်ရောက်တော့ ထုံစံအတိုင်းဆရာ မနိုးသေးဘူးဟုဆိုတာကြောင့် မနက်စာအရင်ပြင်ဆင်ထားရန် ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘာမှသိပ်မရှိတော့ UJay နိုးလာမှပဲ ဝယ်ပေးဖို့ပြောမည်ဟုတွေးကာ ဘာမှမချက်တော့ပဲ နိုးလာရင် ခေါင်းကြည်စေရန် သံပုရာရည်တခွက်ဖျော်ကာ ရေခဲသေတ္တာထဲထည့်ခဲ့လိုက်ပြီး အပြင်မှာ Bam နဲ့ဆော့ရန်ထွက်လာခဲ့သည်..
ကျယ်ဝန်းလှတဲ့ မြက်ခင်းပြင်ပေါ် လူးလိမ့်ကာ ပြေးလွှားဆော့နေတဲ့ Bam နဲ့ Taehyung..UJay အခန်းကနေလှမ်းကြည့်ရင်တောင်မြင်နေရတဲ့ သူတို့နှစ်ယောက်..
UJay ဟာ အိပ်ယာကနေနိုးလာပြီး နောက်ခန်းထဲရေသောက်ရန်ဝင်သွားကာ ရေခဲသေတ္တာထဲ သံပုရာရည်ခွက်လေးတွေ့တော့ ရေအစားအဲ့ခွက်လေးကိုကိုင်ကာ Bam နဲ့ Taehyung ရှိရာ ခြံထဲသို့ဆင်းလာခဲ့သည်..
မြက်ခင်းအစပ်နားမှာ ညကပူလို့ ကြယ်သီးတွေဖြုတ်လို့ထားတဲ့ shirt အကျီကဟပြဲအတိုင်း ဘောင်းဘီအိတ်ကပ်ထဲ လက်နှိက်လို့ သံပုရာရည်လေးမော့သောက်နေချိန် Taehyung တယောက် ပြေးလွှားဆော့ကစားရင်း Bam ကိုစကာ နောက်ဆုတ်နောက်ဆုတ်နဲ့ လျှောက်လာတာကို ရပ်ကြည့်နေမိတာ သူ့စီသို့တန်းတန်းမှတ်မှတ်ရောက်လာပြီး ရပ်နေတဲ့ သူ့ကိုနောက်ပြန်ဝင်တိုက်လာတော့ အနောက်ကနေ ခါးလေးကိုထိန်းကာကိုင်လိုက်မိသည်..
![](https://img.wattpad.com/cover/377682860-288-k835218.jpg)