မနက်ခင်း မနက်စာပြင်နေတုန်း UJay ခုချိန်ထိထမလာသေးတာကြောင့် Taehyung တံခါးလေးခေါက်ကြည့်လိုက်တော့ အထဲကနေ အင်းဆိုတဲ့ ပျင်းရိ ပျင်းတွဲ အသံဖြင့် ပြန်ဖြေလာတာကြောင့် တံခါးဖွင့်ကာ ဝင်လာခဲ့သည်..
ကုတင်ပေါ်ခုထိမနိုးသေးတဲ့ UJay ဘေးကုတင်ပေါ်မှာဘေးတစောင်းလေးထိုင်လိုက်ပြီး နဖူးပေါ်ကဆံပင်လေးတွေကို သပ်တင်ပေးပြီး မနိုးသေးတာကြောင့် အပြင်ပြန်ထွက်ပေါ် ထလိုက်ချိန် လက်ကိုလှမ်းဆွဲလိုက်တာကြောင့် တဖန် ကုတင်ပေါ်ထိုင်လျက်လေးဖြစ်သွားသည်..
" နဖူးက ဆံပင်သပ်တင်ပေးပြီးရင် အနမ်းပေးရတယ်လေ ကလေးငယ် "
Taehyung နှုတ်ခမ်းလေးဟာ အော်တိုဆူသွားကာ မျက်စောင်းကလည်းဒိုင်းကနဲပစ်ပြီးသားဖြစ်သွားသည်..
" ဟော မချစ်ဘူးလားကွာ ဘာလို့ အဲ့လိုမျက်စောင်းကြီးနဲ့ကြည့်နေတာ "
" ထတော့ UJay အချိန်မရှိဘူး "
" ဘာလို့လည်း ဒီနေ့ပိတ်ရက်လေ ကျောင်းမသွားရဘူးမဟုတ်လား "
" ဟုတ်တယ်လေ "
" ဒါဆိုဘာလို့ အချိန်မရှိ "
"တနေ့မှာ 12 နာရီလောက်ပဲ UJay နားမှာ ကျွန်တော်နေရတာ ဒါတောင်ကျောင်းပိတ်လို့ မဟုတ်ရင် အများဆုံး 4နာရီပဲ အဲ့တာကြောင့် အနားမှာနေဖို့အချိန်ကအများကြီးမရှိဘူးပြောတာ ကြားထဲ UJay အလုပ်တွေကြောင့် အချိန်ကလျော့သေးတာ "
နှုတ်ခမ်းလေးတထော်ထော်နဲ့ ဆူပုတ်ပုတ်လေးပြောနေတဲ့ ကောင်လေးက သူ့နားမှာအကြာကြီးနေချင်လို့ ဂျီတိုက်နေလေရဲ့..UJay တယောက် လှဲနေရင်းထိုသို့ပြောနေတဲ့ကောင်လေးကို အချစ်တွေပိုရသလို ငယ်ငယ်က သူ့ကိုယ်သူပြန်မြင်နေရသည့်အလား လို့တောင်ထင်ရသည်..
ဒီလောက်ပြောနေတာတောင် အိပ်ယာကမထ သူ့ကိုကြောင်တောင်ကြီးကြည့်နေတာကြောင့် Taehyung စိတ်မရှည်တော့ ဆွဲထားတဲ့ လက်ကိုရုန်းက ထဖို့ပြင်တော့ Taehyung ရဲ့ခါးကိုဆွဲဖက်ကာ အိပ်ယာပေါ် ဆွဲချလိုက်ပြီး လက်ကလေးတွေကိုချုပ်ကာ အပေါ်ကနေအုပ်မိုးလိုက်ပြီး မျက်နှာလေးကိုကြည့်ကာ