11:11 မှာ ဒီးရဲ့ ချစ်ဒါဒါလေးတွေ တောင်းတဲ့ဆုတွေပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် 🍀
.
.
.ဒီနေဆို ဒုတိယနှစ်အတွက်ကျောင်းပြန်တက်ရတဲ့နေ့ပေါ့ အရင်လို UJay နဲ့တနေကုန်အချိန်ကုန်လို့မရတော့..
ခုတော့အရင်လို မနက်စောစောလေးရောက် လာပြီး မနက်စာပြင်ဆင်ပေးနေချိန် အစောကြီးနိုးလာတယ်ထင်ပါတယ် UJay ရဲ့အိပ်ချင်မူးတူးပုံစံ ညဝတ်အကျီ ကြယ်သီးအပြည့်မတက်ပဲ ဖရိုဖရဲနဲ့ Taehyung ကိုအနောက်ကနေလာဖက်ကာ ပခုံးပေါ်မေးလေးတင်လို့ မျက်လုံးလေးမှိတ်ကာနေနေသည်..
" ညကနောက်ကျလို့လား UJay "
" ကလေးငယ် ....လက်ထပ်ရအောင် "
" ဗျာ!"
" ညရောက်ရင်ဖက်အိပ်ချင်တယ် မနက်ရောက်ရင်တူတူထချင်တယ် တနေ့လုံး ကလေးငယ်ရဲ့မျက်နှာကို ထိုင်ကြည့်နေချင်တယ် "
Taehyung သူပခုံးပေါ်မှီထားတဲ့သူကို မျက်စောင်းလေးထိုးကာကြည့်လိုက်တော့ ခေါင်းလေးစောင်းကာ သူ့ကိုကြည့်ပြီး နှုတ်ခမ်းလေးကို အနမ်းပေးကာ..
" တကယ်ပြောနေတာ UJay ကလေးငယ်နဲ့မခွဲနိုင်ဘူးဖြစ်နေတယ် ဒီလူကြီးပိုတယ်ထင်နေတာလား ဟုတ်တယ် မင်းလူကြီးက ချစ်ပြီဆိုရင် သိပ်ပိုတက်တဲ့ကောင်ကွာ "
" မထင်ပါဘူး မထင်ဘူးဆိုတာက UJay ခုလိုတွေပြောတက်မယ်လို့မထင်တာ တကယ် ကျွန်တော် လူကြီးက အရမ်းချွဲတာပဲ ဘယ်လိုလုပ်မလည်း အဲ့လူကြီးချွဲတာကို ကျွန်တော်လည်း အချိန်တိုင်းကြား ချင်တယ် "
" လက်မထပ်ချင်ဘူးလား ကလေးငယ် ဒါမှမဟုတ်ဖမ်းခေါ်ထားရမလား ဒါမှမဟုတ် ကလေးငယ်မိဘတွေမကန့်ကွက်နိုင်အောင် ခိုးပြေးကြမလား "
" UJay!"
" ဟားဟားဟား.စတာပါကွာ ဒီနေ့ကျောင်းသွားရမယ်မဟုတ်လား UJay လိုက်ပို့မယ် "
" လိုက်ပို့မယ် "
" အင်းလေ ဘာလို့လည်း ကျောင်းမှာ ကောင်မလေးရှိနေလို့လား "
Taehyung တယောက်သူ့ကိုခါးကြီးထောက်ကာ မျက်ထောက်နီကြီးဖြင့်မေးနေတဲ့ UJay ကို မျက်စောင်းလေးထိုးကာ နှာခေါင်းရှုံလို့