Taehyung တယောက်ကျောင်းပိတ်ရက်လေးမှာ မနက်ခင်းစောစော UJay အိမ်သို့ထွက်လာခဲ့သည်.. သူ့အိမ်နဲ့ဆို ကားကလည်းတော်တော်လေးစီးရတာကြောင့် အမေဖြစ်သူကို မနက်စာပြင်ဆင်ပေးပြီးတာနဲ့ ထွက်လာခဲ့တော့သည်.
" အိုမား သားသွားတော့မယ်နော် စာမေးပွဲနီးနေလို့ ကျူရှင်သွားမှဖြစ်မှာ "
" အင်း ဂရုစိုက်သွားနော် သားလေး "
Taehyung ရဲ့ဘဝမှာ မည်သူကိုမှလိမ်ပြီးမပြောခဲ့.. ဒါပေမယ့် ခုတော့ သူ့ဘဝမှာ မိဘတွေကိုမှလိမ်ရတဲ့အဖြစ်..
" ဟုတ်ကဲ့ အိုမား "
......
Taehyung တယောက်ကားဂိတ်ကနေ UJay ရဲ့အိမ်ကြီးရှိရာ တော်တော်လေးလမ်းလျှောက်ရသည်..ညဘက်တွေဆိုလည်း သူ့မှာကြောက်လို့ အိမ်ထဲကနေထွက်တာနဲ့ ကားဂိတ်သို့ နောက်ကိုလုံးဝလှည့်မကြည့်တချိုးထဲပြေးတာ ကျားလိုက်တဲ့အတိုင်းပင်..မနက်ခင်းဆိုရင်တော့ အေးဆေး လေကောင်းလေသန့်ရှုရင်းလျှောက်ဖြစ်သည်..
အိမ်ရှေ့ရောက် ဘဲလ်လေးတီးလိုက်တော့ အလိုက်သင့်ဖွင့်လာတဲ့ တံခါး မနက်တိုင်းအိမ်ရောက်ရင် Bam နဲ့ဆော့ရသေးတာလည်း သူ့မှာအမော..သူလာတာနဲ့ အချိန်များသိသလားမှတ်တယ် အနောက်ကနေပြေးထွက်လာတဲ့ Bam..ခြံထဲက မျက်ခင်းပြင်ပေါ် ပြေးလွှားဆော့ကစားပြီးမှသာ Taehyung အိမ်ထဲသို့ဝင်လာခဲ့သည်..
အိမ်ရှေ့တံခါးဝက သူ့သုံးဆလောက်ရှိတဲ့ သက်တော်စောင့် လူကြီးနှစ်ယောက်ကို ပြုံးပြကာ
" မဂ်လာပါ ဦးလေးကြီးတို့ "
သူတို့နဲ့ဆို သူတိူ့မွေးရင်တောင်သားလောက်ပဲရှိမယ် Taehyung ကို သက်တော်စောင့်တွေကလည်း ချစ်ကြသည်..မနက်လာတိုင်းနှုတ်ဆက်သလို ပြန်တိုင်းလည်းရိုရိုသေသေ ခါးလေးညွှန့်ကာ နှုတ်ဆက်တက်တဲ့ ကလေးလေးကို ဘယ်သူကမချစ်ပဲနေနိုင်မှာတဲ့လည်း..သူနှုတ်ဆက်တော့ ခေါင်းလေးညိတ်ပြကာပြန်နှုတ်ဆက်ကြတဲ့ သက်တော်စောင့်နှစ်ယောက်..
" ဆရာ မနိုးသေးဘူး သတိနဲ့လုပ် "
" ဟုတ်ကဲ့ "
အိမ်ထဲသို့ဝင်လာကာ မနက်စာအရင်ပြင်ဆင်ထားလိုက်ပြီး တအိမ်လုံးသန့်ရှင်းရေးလုပ်ရန် ကြက်မွှေးလေးကိုင်လို့ ဖုန်တွေခါလို့နေပြီး ပစ္စည်းလေးတွေသေချာပြန်စီလို့ထားသည်..