So i w'll tell you...
" ဟုတ် UJay ရောက်ပြီလား "
" အိမ်ရှေ့နည်းနည်းအကျော်မှာ ကားရပ်ထားတယ်ကလေးငယ် ဆင်းလာပြီး အိမ်ရှေ့မှာ UJay လာစောင့်နေရမလား "
" ဟင့်အင်း ဟင့်အင်း ကျွန်တော်လာခဲ့မယ် ကားထဲကပဲစောင့်နေပေးနော် "
လှလှလေးဝတ်ခဲ့ဆိုသော်ညားလည်း Taehyung မှာက အဝတ်အစားအသစ်ရယ်လို့ထွေထွေ ထူးထူးရှိမနေ တခါမွေးနေ့လက်ဆောင်ရထားဘူးတဲ့ သူငယ်ချင်းနှစ်ယောက်ပေးထားသည်ကိုသာဝတ်လိုက်တော့သည်..
သားဖြစ်သူ ဝတ်နေကျပုံစံမဟုတ်ပဲ အကျီအသစ်တွေဘာတွေဝတ်ထားကာ အိမ်ပေါ်ကဆင်းလာတာကို ကျန်းမာရေးသိပ်မကောင်းလှတဲ့ အိုမား ဖြစ်သူကို ဝှီးချဲဖြင့်အခန်းထဲကနေခေါ်လာတဲ့ အပါး..မိဘနှစ်ပါးလုံးက အခန်းထဲကထွက်အလာသူကလည်းအဆင်းနဲ့ထိပ်တိုက်တွေ့တော့သည်..
"သား အစောကြီးပါလား အဝတ်အစားအသစ်တွေနဲ့ ဘယ်သွားမလို့လည်း"
"သားလေ သား Jimin တို့နဲ့ ဒီနေ့လျှောက်လည်မလို့ "
အပါးဖြစ်သူဟာ သားဖြစ်သူကိူပြုံးကာကြည့်လို့ခေါင်းညိတ်ပြပြီး သူအိတ်ကပ်ထဲက ပိုက်ဆံအနည်းငယ်ထုတ်ပေးသည်..
" သားရော့ သူငယ်ချင်းတွေကိုမုန့်ဝယ်ကျွေးလိုက် "
Taehyung လည်း အပါးဖြစ်သူပေးနေတဲ့ပိုက်ဆံကိုဟန်ဆောင်ပန်ဆောင်ယူလိုက်ရတော့သည်..
" အပါး အိုမား.သားသွားတော့မယ်နော် "
" သွားတော့မလို့လား.အပါးလည်းခုသွားမှာ ကားဂိတ်တူတူသွားကြမယ်လေ "
အဲ့မှာစတွေ့တော့တာပဲ လာခေါ်တဲ့သူကအိမ်ရှေ့ရောက်နေပြီ အပါးကလည်း တူတူသွားမယ်တဲ့ တကယ်လို့များ UJay ဟာ အိမ်ရှေ့ထိလာခေါ်ရင် တံခါးဖွင့်တာနဲ့တွေ့ပြီဆိုတာ တွေးနေရင်း Taehyung ကျက်သီးတွေပါထကာ အတွေးတို့ကိုဖယ်ထုတ်လို့..
" အပါး အိမ်ရှေ့မှာ Hobi ရောက်နေပြီ သူ့ကားနဲ့လာကြိုတာ ပြီးမှ jimin သွားခေါ်မှာအဲ့တာကြောင့် သား သား သွားတော့မယ်နော် "
ဟုဆိုကာ အိမ်ထဲကနေ ခက်သုတ်သုတ်လေးပြေးထွက်လာခဲ့တဲ့ Taehyung.. ခြံတံခါးကိုမြန်မြန်ဖွင့်လို့ အပြင်ကကားဘယ်နားမှာလည်း ကြည့်ကာ ကားရှိရာသို့ တချိုးထဲပြေးလာခဲ့ေတာ့သည်..