10

786 121 18
                                    

UJay က သူ့အိမ်မလာနဲ့တော့ဟုပြောတာ လွန်ခဲ့တဲ့တရက်ကပင် ခုတော့ သူ့အိမ်ကြီးစီသို့လာဖို့ခေါ်ထားတာကြောင့် Taehyung အိမ်ကြီးစီသို့တကျော့ပြန်ရောက်လာခဲ့ပြန်သည် .အိမ်ကြီးရဲ့ရှေ့ မက်တက်လေးရပ်လို့ ခြံပြင်ကနေအိမ်ကြီးကိုမော့ကာကြည့်ပြီး

" ဒုတိယအကြိမ်ရောက်လာရပြန်ပြီ ဒီတခါတော့ ဒီအိမ်ကြီးက လူကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ရောက်လာတာပါ "

တီတီတီ

" အောင်မလေး လန့်လိုက်တာ "

အိမ်ကြီးကိုမော့ကြည့်ကာ တယောက်ထဲပြုံးစိပြုံးစိနဲ့စကားပြောနေချိန် အနောက်က ကားဟွန်းသံကြောင့် Taehyung တယောက် တကိုယ်လုံးတုန်တက်သွားကာ ပါးစပ်ကလည်းအော်လိုက်မိတော့သည်..

လန့်သွားတာကြောင့်စိတ်လည်းနည်းနည်းတိုသွားကာ မျက်မှောင်လေးကျုတ်လို့ကားကိုလှည့်ကြည့်လိုက်ချိန် ကားကဘေးနားမှာရပ်ကာ မှန်ချလိုက်တော့ ကားပေါ်က UJay ကိုလှမ်းမြင်လိုက်ချိန် ချက်ချင်းမျက်နှာက ပြုံးလို့သွားသည်..

ပုံမှန်ဆို ကားဂိုထောင်ထဲရောက်မှကားပေါ်ကဆင်းတက်ပေမယ့် ခု Taehyung ကိုတွေ့တော့ အိမ်ရှေ့မှာကားခဏရပ်ခိုင်းလိုက်ပြီး သူဆင်းလိုက်တော့သည်..

" ဘာလုပ်နေတာလည်း အိမ်ထဲမဝင်ပဲ "

"ကျွန်တော် ခုမှရောက်တာပါ "

" ခုဏပါးစပ်ကနေတခုခုပြောနေသလိုပဲ ဘာလည်း ငါ့ကိုကျိမ်ဆဲနေတာလား "

" ဗျာ! မဟုတ်ပါဘူး လူကြီးကို ကျိမ်ဆဲရင် ငရဲကြီးမှာပေါ့ "

နှုတ်ခမ်းလေးတထော်ထော်နဲ့ သူ့ကိုငြင်းကာပြောနေတဲ့ Taehyung ကို ဘေးတစောင်းအနေအထားမှာ မျက်လုံးထောင့်ကပ်ကာကြည့်ပြီး ခေါင်းတညိတ်ညိတ်နဲ့ အိမ်ထဲသို့အရင်ဝင်သွားသည့် UJay..

" ဒီလိုပဲ ဟုတ်နေလည်း မဟုတ်ဘူးပြောမှာပေါ့ "

ဝင်သွားရင်ပြောသွားတဲ့ စကားကြောင့် Taehyung တယောက် အနောက်ကနေလိုက်ကာ မဟုတ်ကြောင့် လိုက်ငြင်းရင်း ခြံတခါးအကျော်လှေကားအထစ်လေးကို ခလုတ်တိုက်ကာ ရှေ့သိူ့ထိုးချကာ ဒူးဖြင့်ကျကာ လက်ထောက်လျက် လဲကျသွားတော့သည်..

U JayWhere stories live. Discover now