" ငါထမင်းစားတော့မယ် ထမင်းပြင်ထားတော့ "
" ဟုတ်ကဲ့ ဦးလေးကြီး "
" မင်းငါ့နာမည်သိလား "
" ဟုတ် သိ သိပါတယ် "
" ပြန်ပြင်ခေါ်လိုက် ဦးလေးကြီးဆိုတာကို "
" ဟုတ် ဦး Jeon Jungkook "
"အာရှီးးး သွား! ထမင်းစားဖို့ပြင်တော့ "
Taehyung တယောက် အခန်းထဲကနေ ကမန်းကတန်းပြေးထွက်သွားကာ ညစာစားရန် သေချာလေးပြင်ဆင်လို့ထားပြီးသားဖြစ်ပေမယ့် ဟင်းရည်ကိုတော့ အပူပြန်ပေးရအုံးမှာမို့ Jungkook ထွက်မလာခင် အမြန်လေးလုပ်လိုက်ရသည်..
ကျောပြင်က ဒဏ်ရာကြောင့် ခုဏဆေးထည့်ပေးထားတာနဲ့ အကျီပြန်မဝတ်တော့ပဲ အပေါ်ပိုင်းဗလာနဲ့သာ အခန်းထဲက ထွက်လာခဲ့သည်..
ထမင်းစားပွဲနားအရောက် နေတိုင်းလိုလိုမြင်နေရတဲ့ ထမင်းဝိုင်းလေးက အရောင်အသွေးစုံလွန်းလှနေသည်..အချစ်ဦးနဲ့ လွဲခဲ့ပြီးထဲက ခုလိုထမင်းဝိုင်းဆိုတာ သူ့အတွက်မရှိတော့..ထိုဟင်းလျှာတွေကိုချက်ပြုတ်ထားတဲ့ ကောင်လေးကိုကြည့်လိုက်တော့ လက်ကလေးနောက်ပြစ်ကာ သူ့ကိုမဝံ့မရဲလေးကြည့်နေသည်..
" အဆင်သင့်ပါပဲ ဦး.....ဦးဂျေ "
ဦးလေးကြီးလို့မခေါ်နဲ့ဆိုကာ နာမည်ခေါ်ဖို့ပြောတော့ နာမည်အပြည့်အစုံခေါ်ပြန်တော့ စိတ်ဆိုးပုံပေါက်သွားတဲ့ Jungkook ကြောင့် Taehyung မှာ ခုလည်းနာမည်ခေါ်ခါနီး တော်တော်လေးစဥ်းစားလိုက်ပုံရသည်...
Taehyung ခေါ်လိုက်တဲ့ ဦးဂျေဆိုတဲ့ နာမည်ကြောင့် Jungkook မျက်ခုံးတချက်ပင့်မိကာ Taehyung ကို ခေါင်းလေးညိတ်ပြရင်း ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်သည်..
"ကျွန်တော် ချက်ထားတာ စားလို့အဆင်ပြေရဲ့လား တကယ်လို့ မကြိုက်တာရှိရင် နောက်နေ့ပြင်ချက်ပါ့မယ် ဦး ဦးဂျေ"
စားနေရင်းနဲ့ပဲ ခေါင်းလေးလှုပ်ရုံသာ ခါပြလိုက်ပြီး ထမင်းသာဆက်စားနေတော့ အနားမှာတချိန်လုံးမက်တက်လေးရပ်နေတဲ့ Taehyung..
ထမင်းစားတာ တဝက်ကျိုးချိန်မှာ ဖုန်းဝင်လာတာကြောင့် ဖုန်းကောက်ကိုင်လိုက်တဲ့ Jungkook..