Ep 16 (uni)

36.3K 1.3K 81
                                    

သင်္ခ မွေးနေ့ပွဲနေ့ကို ပြန်တွေးကြည့်တော့ ခက် လည်း toilet ထဲလိုက်သွားသေးတာမလား။ တစ်ခုခုဖြစ်တာသာသေချာရင် ခက်လည်းမသိပဲမနေလောက်။ သင်္ခ
ချက်ချင်းဆိုသလိုပဲ ခက်ဆီသို့ ဖုန်းခေါ်လိုက်၏။

"ဟယ်ဟို သင်္ခ... ထူးထူးဆန်းဆန်းတွေ ဖုန်းဆက်လို့ပါလား ဘာကိစ္စလဲ"

"အင်း... ငါမေးစရာရှိလို့"

"အေး မေးလေ"

"အိမ့်မှူးမွေးနေ့တုန်းက နင်တို့ toilet သွားတော့... အသေးလေးတစ်ခုခုဖြစ်ခဲ့သေးလား"

တစ်ဖက်က ခဏ တိတ်သွားပြီးနောက်

"ဘာလို့မေးတာလဲ"

"အသေးလေးက အဲ့ဒီနေ့ကတည်းက မျက်နှာမလန်းဘူး... အရင် သူ့ဟာသူ ကြည်ကြည်လင်လင်နေတတ်တဲ့သူ။ ဘယ်လိုစဉ်းစားစဉ်းစား အဲ့ဒီကပြန်လာပြီးမှ စိတ်အခြေမကောင်းသွားတာ အသိသာချည်း...
နင်တစ်ခုခုသိရင် ငါ့ကိုပြောပြပေးပါ"

ခက်က သက်ပြင်းချကာ အသံပြန်တိတ်သွားပြီးမှ

"ငါနင့်ကို အစောကတည်းက ပြောသင့်မပြောသင့် စဉ်းစားနေတာ... တကူးတကကြီး ပြောပြဖို့ကျလည်း ငါ့အတွက်ချင့်ချိန်နေရလို့... အခုနင်မေးနေတော့ ငါပြောပြပါ့မယ်"

နားထောင်နေတဲ့တစ်လျှောက်လုံး သင်္ခ အံကိုတင်းတင်းကြိတ်ထားရ၍ မေးရိုးတွေပင်တင်း‌နေ၏။ သူတောင် ပြန်ကြားရုံနဲ့ ဒီလောက်စိတ်တိုတာ တိုက်ရိုက်ပြောခံရတဲ့ အသေးလေး ဘယ်လောက်တောင်စိတ်ထိခိုက်လိုက်မလဲ။ ပြောတဲ့သူက တခြားသူမဟုတ်ပဲ ကိုယ့်သူငယ်ချင်းအရင်းကြီးမို့ ပိုခံပြင်းရသည်။ ဖြစ်တဲ့ပြဿနာမှာလည်းကိုယ်နဲ့သက်ဆိုင်နေပြီး ကိုယ့်ကိုအရင်းတည်ထားတဲ့အခါ ပိုလို့ဒေါသဖြစ်ရ၏။

"သင်္ခ ငါလည်း အိမ့်မှူးကိုသတိပေးထားပြီးပါပြီ... သူနောက်ထပ်,ထပ်မလုပ်လောက်တော့ပါဘူး... အိမ့်မှူးမှားတယ်ဆိုပေမဲ့ နင်စိတ်နဲနဲလျှော့ပေးလိုက်ပါ‌ဟာ နော်"

"ငါ့သူငယ်ချင်းမို့ ပိုစိတ်တိုတာခက်... ငါ့သူငယ်ချင်းအရင်းကြီးက ငါချစ်ရတဲ့သူကို ‌စော်ကားနှိမ့်ချလို့
ပိုစိတ်မကောင်းတာ...၊ ပိုခံပြင်းတာ...!"

ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)Where stories live. Discover now