အပိုင်း(၉)

89 12 1
                                    

အပိုင်း(၉)

"ရောက်လာပြီပေါ့လေ....အိပ်ရင်းသေသွားပြီတောင်ထင်နေတာ.."
ဆူးခတ် သူ့ရုံးခန်းထဲ ဝင်လာချိန် ခွန်းသစ်နဲ့စိမ့်တို့အထဲတွင်ရှိနေသည်။

"ငါတို့စောင့်ပါသေးတယ်...နင်မထသေးတာနဲ့ထွက်လာလိုက်တာ....အဲ့မှာ ဒီလူကြီးပေါ့...အလုပ်ချိန်ကျော်ရင်လစာဖြတ်မယ်ဆိုလို့လေ..."စိမ့်စမ်းနှုတ်ခမ်းထော်ကာ ဘေးက ခွန်းသစ်အား မေးငေါ့ပြလေသည်။ ခွန်းတစ်ယောက် သဘောတကျကြည့်ကာရယ်ရင်း

"အဲ့ပုံစံမလုပ်ပါနဲ့လို့ပြောထားတယ်မဟုတ်လား..."

"အို ဘာဖြစ်လဲ..."

"အဲ့ဆူနေတဲ့နှုတ်ခမ်းကိုကိုက်ဆွဲချင်လာအောင်မလုပ်နဲ့..."

စိမ့် သူ့နှုတ်ခမ်းသူလက်နဲ့အုပ်ကာ မျက်စောင်းထိုးကာ ဆူးဘက်ပြန်လှည့်ရင်း

"ဆူး....မနေ့ညတည်းကဖုန်းခေါ်နေတာ ဘာလို့မကိုင်တာလဲ...ဘာတေလုပ်နေလို့လဲ"

"အိပ်ပျော်သွားတာ ဖုန်းလည်းအနားမှာမရှိဘူး"

"လီလီ့မေးတော့လည်း ဒီအတိုင်းပဲ..ဟွန့်...ဒီကလူတေကတော့စိတ်ပူနေကြတာ.."

"အခုရော အဆင်ပြေရဲ့လား..."ခွန်းသစ်အမေးကိုဆူးခတ်ခေါင်းငြိမ့်ပြရုံပြမိသည်။

"မနေ့ကနင့်ကိုငါလာရှာသေးတယ်....GMC ဥက္ကဌလင်မယားနဲ့မိတ်ဆက်ပေးဖို့ကိုလေ...သူတို့ကတွေ့ချင်နေတာ...မကြာခင်အဖွဲ့မှူးဖြစ်လာမယ့်သူက အသက်ငယ်ငယ်ဆိုတော့စိတ်ဝင်စားနေကြတယ်နဲ့တူတယ်"

"ဟုတ်တယ်...ဥက္ကဌကတော်ဆိုလည်းလေ လှလိုက်တာ စက်စက်ယို နုထနေရောပဲ..သဘောကလည်းကောင်းသေးတယ်..."
စိမ့်ကပါ အားတက်သရော ဝင်ပြောလေသည်။ဆူး ခေါင်းငြိမ့်ရင်း

"အွန်း နောက်တခါဆုံမှာပေါ့..."
ခွန်းသစ် ခေါင်းငြိမ့်ရုံငြိမ့်ပြီး ရုံးခန်းဆီမှထွက်လာခဲ့တော့သည်။ ခွန်းသစ်ထွက်သွားသည့်တိုင် စိမ့်ရှိနေသေးသည်မို့ မေးငေါ့ပြလိုက်မှ တဟဲဟဲနဲ့ ရယ်ပြီးထွက်သွားတော့သည်။

ဆူး ခြံတွင်ကျောမှီထိုင်ရင်း မှန်အပြင်ကိုလှမ်းမျှော်ကြည့်မိသည်။

...Suu ...(Therapy Of Love)Where stories live. Discover now