အပိုင်း(၁၀)

139 15 1
                                    

အပိုင်း(၁၀)

ရေခဲမုန့်ဆိုင်ရှေ့တွင် ဦးလင်းမြတ်တစ်ယောက် ဘေးဘီကြည့်ရင်း ဆိုင်ထဲဝင်သွားကာ

"အုန်းနို့စိမ်း ice-cream တစ်ခွက်"

ထိုအချိန်မှာပဲ ဘေးမှသူ့လိုပင် မှာသူရောက်လာလေသည်။

"အုန်းနို့စိမ်းice-creamတစ်ခွက်"
တဖက်က သူ့အားလှည့်ကြည့်လာချိန်မှာတော့

"အော် မင်း.."

"အန်ကယ်...ဘလိုလဲကြိုက်သွားပြီမလား..အဟက်..မစားလောက်ဘူးထင်ထားတာ"

ဦးလင်းမြတ် ထိုမိန်းကလေးစကားကို မသိဟန်‌ပြုကာ မျက်နှာလွှဲလိုက်သည်။ ထိုစဉ်  အရောင်းဝန်ထမ်းရောက်လာပြီး

"အုန်းနို့စိမ်းက တစ်ခွက်စာပဲကျန်ပါတော့တယ်ရှင့်"

ပြောရင်း အဖုံးပိတ်ကာ ဗူးကိုကောင်တာပေါ်တင်ပေးလေသည်။ ဦးလင်းမြတ်လည်းခေါင်းငြိမ့်ရင်း ဗူးကိုလှမ်းယူတော့ တဖက်ကမိန်းကလေးကလည်းထိုဗူးအားလှမ်းယူတာနှင့်ဆုံကာ လက်ချင်းထပ်နေတော့သည်။

"ဟေ့...ငါအရင်မှာတာလေ"

"လူကြီးဖြစ်ပြီးလူငယ်ဦးစားပေးလေ"

"ရေခဲမုန့်လေးတခွက်နဲ့တိုင်းပြည်ပြောင်းလဲမသွားဘူး...ငါအရင်မှာတာ ငါပဲယူမယ်"

"ကျမညွှန်းပေးလို့အန်ကယ် ဒီဟာကိုသိတာလေ..အဲ့တော့ကျမကိုပေး..."

ဦးလင်းမြတ်မကျေမနပ်ကြည့်ကာ ဗူးအား ကိုင်ထားလျက် သူ့ဘက်ဆွဲလေသည်။ တဖက်ကလည်းအလျှော့မပေးနှင့် ရေခဲမုန့်တစ်ခွက်အတွက် အခြေနေတင်းမာနေတော့သည်။

ထိုစဉ်မှာပဲ

"အုန်းနို့စိမ်း‌ice-creamတစ်ခွက်ပေးပါ"

ထိုအသံသေးသေးလေးကြားသည်နှင့် ဝန်ထမ်းမလေးက သူ့ရှေ့က အကြည့်စစ်ထိုးနေသည့်မကြီးမငယ်နှစ်ယောက်အား

"ဟို...ဒီကဧည့်သည်နှစ်ယောက်အဝေမသင့်ရင် ဒီကလေးလေးကိုပေးလိုက်ပါလားရှင့် ကလေးဆိုတော့လေ.."ထိုအခါမှ နှစ်ယောက်သား ဝန်ထမ်းမလေးကိုကြည့်လိုက် ဘေးက ကလေးအားကြည့်လိုက်နှင့် ဗူးကို လက်လွှတ်လိုက်ကြတော့သည်။

...Suu ...(Therapy Of Love)Where stories live. Discover now