အပိုင်း(၈)

123 16 1
                                    

အပိုင်း(၈)


ဆူးခတ် နောက်မှ နှစ်ယောက်ထပ်မနည်းသော ယောက်ျားကြီးတစ်စုသူ့နောက်လိုက်နေကြသည်။  ကြယ်တေရဲ့အလင်းရောင်မှိန်ပြပြအောက်မှာ မောပန်းစွာ ပြေးလွှားနေရပြီး နှုတ်မှလည်း ကူကယ်ရာကို ရှာရင်း အော်ဟစ်အကူညီတောင်းနေမိသည်။
အလွန်မှောင်မိုက်လာသော အကွယ်တစ်နေရာအရောက်မှာတော့   မြေပြင်တွင် ဒူးနှစ်ဖက်ထောင်ကာ ထိုင်ရင်း ‌ဒူးနှစ်ဖက်ကြားခေါင်းဖွက်လျက် ပုန်းအောင်းနေမိသည်။ အနောက်ကလိုက်လာသူတို့ရဲ့ ကြောက်မက်ဖွယ် ခြိမ်းခြောက်သံများကိုလည်း ကြားနေရသည်။
"လိုက်ရှာ လိုက်ရှာ မလွတ်စေနဲ့..‌"

တကိုယ်လုံး တုန်ရင်နေပြီး နှုတ်မှလည်း တိုးတီးစွာနဲ့ငိုယိုရင်း

"ကယ်ပါ...ကယ်ပါဦး ..ဖေဖေ.....သမီးကိုကယ်ပါဦးဖေဖေ.."
ထိုစဉ် ရုတ်တရက် လက်ကိုဆွဲကိုင်ခံလိုက်ရသည်ကြောင့် ထိတ်လန့်ကာ အလန့်တကြားအော်လျက် အိပ်မက်မှနိုးလာခဲ့တော့သည်

"ဌာနမှူး...."ဆူးခတ် လန့်နိုးလာကာ မောဟိုက်တုန်ယင်နေပြီး သူ့ရှေ့တွင် သူ့လက်မောင်းအားကိုင်ကာ ကြည့်နေတဲ့လီလီတစ်ယောက် အမြန်လေးထသွားကာ ရေတခွက် ယူလာပေးလေသည်။ ကမ်းပေးလာသော ရေခွက်ကို ယူကာ သောက်ရင်း အမောဖြေလိုက်ပြီး

"ခုထိမပြန်ရသေးဘူးလား"

"ဟို..လီလီလည်း အိပ်ပျော်သွားတာ...ဌာနမှူး အိပ်မက်ဆိုးတေမက်နေတာလား"

"အွန်း..."လီလီ စားပွဲပေါ်က တစ်ရှူးဆွဲထုတ်ကာ ဆူးခတ်နဖူးပေါ်ကချွေးစတို့ကိုသုတ်ပေးရင်း ဆက်မေးလေသည်။

"တော်တော်ဆိုးတာလား..."လီလီ့အမေးကြောင့် သူ့အား စူးစမ်းသော အကြည့်တို့နှင့် ပြန်ကြည့်ခံလိုက်ရသည်မို့  လက်အားပြန်ရုတ်ကာ ..

"ဟို ..ဌာနမှူးက ဌာနမှူး အဖေကိုပါအော်ခေါ်နေလို့လေ...တော်တော်ဆိုးတယ်ထင်လို့ပါ..."

"...အဲ့လိုဖြစ်သွားတာလား"

"ဟုတ်"ဆူးခတ် လီလီ့အားမျက်နှာလွှဲကာ သက်ပျင်းရှည်ချရင်း ထိုင်ရာမှ ထကာ လေသာ ပြတင်းဆီသို့လျှောက်သွားတော့သည်။ လီလီ လည်းနေရာကနေ ဌာနမှူးနောက် အပြေးလိုက်သွားရင်း ကွန်ဒိုအမြင့်ဆီက‌နေမှ ည ရှူခင်းကိုကြည့်မိသည်။ ကြည့်ရင်း သဘောကျနေခိုက်..
ဘေးဘက်က 'ကလောက်'ဆိုသောအသံကြား၍ လှည့်ကြည့်လိုက်တော့ ဌာနမှူးဟာ ဆေးလိပ်သောက်ဖို့ မီးခြစ်အဖုံးဖွင့်လိုက်တာပေ။

...Suu ...(Therapy Of Love)Where stories live. Discover now