အပိုင်း(၄)

151 16 1
                                    

အပိုင်း(၄)

ကားပြင်ပြီးသည့်တိုင် ဆူးခတ်တစ်‌ယောက် သွားမယူသေးပဲ အိမ်ကိုတကွေ့တပတ်လမ်းလျှောက်ပြန်လေသည်

လီလီလိုချင်နေသော ရေမွှေးအားလက်ဆောင်ပေးရန် အိတ်ကလေးနဲ့သေချာထုတ်ပိုးထားကာ စားပွဲပေါ်တွင် တင်ထားပြီး တနေ့တာလုံး ထိုအိတ်ကလေးကြည့်လိုက်ပြုံးလိုက်ဖြစ်နေတော့သည်

စိမ့်တစ်ယောက်ကတော့ ထိုအိတ်အား မျက်စောင်းထိုးကာ အလစ်ချောင်းပြီး ဖွင့်ကြည့်ဖို့ကြံရွယ်နေသည်မို့ ဆူးခတ် အလစ်မပေးရဲ ထိုင်ရာကမထဖြစ်နေသည်

အဆုံးမှာ မဖြစ်မနေ အစည်းဝေးတက်ရမည်မို့ စားပွဲခုံထောင့်လေးတွင် ဖွက်ထားခဲ့ရသည်

ဆူးခတ် အထွက်ချောင်းနေသည့်စိမ့်စမ်း ထွက်တာမြင်တာနှင့် ရုံးခန်းထဲခိုးသွားကာ ထိုလက်ဆောင်အိတ်ကလေးအားရှာဖွေတော့သည်

"ဆူး... ဆူး ..တသက်နဲ့တကိုယ် ဥစ္စာမခြောက်စဖူး ခြောက်နေတယ် ဘာများထည့်ထားလို့လဲ...မျက်စိအောက်အပျောက်မခံတာ ...ဟွန်း...တွေ့မယ်...ဖွက်ကိုထားဦးမယ်...အယ်...ဘယ်နားထားထားပါလိမ့်...အေးပေါ့လေ ငါဝင်ရှာမယ်ဆိုတာ သိနေတယ်ထင်တယ်  ဖွက်သွားတယ်ပေါ့လေ...အဟက်...."စိမ့်စမ်း ဟိုလှန် ဒီလှောရှာရင်းနဲ့

"မစိမ့်...ဘာတေရှာတေတုန်း..."
ဇေရဲ တစ်ယောက် တံခါးနားပေါ်လာပြီး မေးလေသည်
စိမ့်အလန့်တကြားနဲ့ လှည့်ကြည့်ကာ

"အာ ဇေရဲ လန့်လိုက်တာ..."

"ဘာတေရှာနေတာတုန်း...ဌာနမှူးပြန်လာရင် မလွယ်ဘူးနော်..."

"ရှူးတိုးတိုး...သူမနက်တည်းက ယူလာတာတစ်ခုရှိတယ် အဲ့တာကိုရှာနေတာ..သူလာမလာကြည့်ထားပေးစမ်းပါဟယ်....သူဘာယူလာလဲ ငါသိရမှဖြစ်မယ်.."

ဇေရဲခေါင်းကုတ်လျက်
"အာ မစိမ့် တအားစပ်စုတာပဲ...ဌာနမှူးက အဲ့လိုစပ်စုတာ မကြိုက်တာ သိရဲ့သားနဲ့..."

"အေးပါ ငါကသူ့ကိုစိတ်ပူလို့ပါ..သွားသွားကြည့်ထားပေး.."
ပြောရင်း စားပွဲအောက်ငုံ့ရှာနေချိန် ပန်းရောင်စက္ကူအိတ်ကလေးအားတွေ့သွားပြီး

...Suu ...(Therapy Of Love)Where stories live. Discover now