အပိုင်း(၆)
ဒုတိယတနေ့ ညနေစောင်းအချိန်မှာတော့ ဆူးခတ် ဒုတိယအကြိမ်ထပ်မံဖုန်းခေါ်ဖို့ကြိုးစားမိသည်
သည်တခါတော့ ဖုန်းဟာ ဝင်သွားခဲ့ပြီး တဖက်က အသံချိုချိုလေးအားကြားလိုက်ရ၍ ဆူးခတ်မျက်နှာထပ်အပြုံးပန်းပွင့်လန်းသွားတော့သည် ကျေနပ်နေ၍ တဖက်ကဖုန်းဖြေတာကိုပြန်မဖြေနိုင်သေး တဖက်က ခနခန ဟလိုဆိုမှ သတိဝင်ကာ ပြန်ဖြေရတော့သည်"ဟလို...လီလီလား..."
"အမ်...ဘယ်..ဘယ်သူလဲ...ဌာနမှူးလား..."
"အွန်း...ဟုတ်တယ်..."ထိုအခါမှ ပျင်းတွဲတွဲဖြစ်နေတဲ့အသံလေးမှာ ရုတ်ချည်းပြောင်းလဲသွားပြီး
"ဟုတ်ကဲ့ ဌာနမှူး ဘာကိစ္စများရှိလို့လဲရှင့်"
"ဟို ..ဟို..."
ဆက်သာဆက်လိုက်ရသည် ဘာပြောရမည်မသိ...တဟိုဟိုနှင့် စကားတို့ကား လည်ဇလုတ်တွင်တစ်နေသည်"ဟုတ် အလုပ်ကိစ္စအရေးတကြီးပြောစရာရှိလို့လား"
"အာ...ဟို အရေးကြီးတယ်ရယ်လည်းမဟုတ်ပါဘူး အလုပ်ကိစ္စပြောစရာတော့ရှိတယ်...ဟို...အဲ့နားက ကွေ့သယိုဆိုင်ဖွင့်လား.."
ထိုအမေးကြောင့် တဖက်က အသံဆူဆူတစ်ချို့ကြားလိုက်ရပြီး
"ဟုတ် ဖွင့်တယ်....ဌာနမှူး စားချင်လို့လား မှာပြီးdeliနဲ့ ပို့ပေးရမလား"
"အာ နေနေ လာစားလိုက်မယ် ...ဒါနဲ့ လီလီကရော ညနေစာစားပြီးပြီလား...မစားရသေးရင် အတူတူစားကြမလား...ဟို တစ်ယောက်ထဲစားရမှာ သိပ်မကောင်းဘူးထင်လို့ "
"အွန်းးး..ဒါပေါ့ လီလီအဖော်ကူစားပေးမယ်လေ တစ်ယောက်ထဲစားတာ ပျင်းစရာကြီးဟာကို...လာခဲ့လေနော်...လီလီမှာထားပေးမယ်"
"အွန်း..."ပြောရင်းဖုန်းချပြီးသည့်နောက် အလျင်အမြန် ကားသော့ဆွဲကာ ထွက်လာတော့သည်
ဈေးကြီးတွင်အရင် ကားပါကင်ထိုးပြီး ဆိုင်နားသို့လမ်းလျှောက်သွားတော့ ဆိုင်ထဲတွင် အသင့်စောင့်နေသော လီလီ မှ သူ့ကိုလက်လှမ်းပြရင်း ခေါ်လေသည် ဆူးခတ်လက်လှမ်းပြရင်း ဆိုင်ထဲဝင်သွားကာ
"မှာထားပြီးပြီ ကားနဲ့လာတာလား ပြောတော့နီးနီးလေးဆို."လီလီစကားကြောင့် ဆူးခတ် အင်တင်တင်ဖြစ်သွားပြီး
YOU ARE READING
...Suu ...(Therapy Of Love)
Roman d'amourမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙