အပိုင်း(၅)
ဆူးခတ် ဒေါသထွက်ထွက်နဲ့ shopping mall အပြင်ဘက်ထွက်လာကာ လေကိုတဝရှူသွင်းရင်း cigarette ကိုထုတ်ကာ နှုတ်ခမ်းတွင် ကိုက်လျက် အိတ်ကပ်ထဲ မီးခြစ်စမ်းနေချိန်တွင် ရှာမတွေ့တာကြောင့် အပြန်ပြန်အလှန်လှန်နှိုက်ရှာရင်း ပို၍ စိတ်ရှုပ်လာရသည်
ထိုစဉ် နောက်ကျောဆီမှ သူ့အတွက် ငြိမ်းအေးကြည်လင်စေသော အသံလေးကြားလိုက်ရ၍ ဒေါသစိတ်တို့ဟာ တိမ်လိုလေလိုလွင့်သွားရသည်"ဌာနမှူး..."
တဖက်ကိုလှည့်ကြည့်လိုက်တော့ သူ့အား ပြုံးကြည့်နေရင်း အနားရောက်လာကာ
"ဒဏ်ကြေးဆောင်ခံထိတော့မှာပဲ.."
ဆူးခတ် သူ့အားကြောင်လျက်ကြည့်နေစဉ်မှာပဲပါးစပ်နားတေ့ထားတဲ့ cigarette ကို သူကဆွဲယူကာ မေးစေ့အားကိုင်ရင်း တဖက်ကိုလှည့်ကာ သူ့လက်နဲ့လည်းညွှန်ပြလေသည်
"ဟိုမှာ တွေ့လား..no smoking တဲ့...ဆိုင်းဘုတ်ရှေ့တည့်တည့်သောက်ဖို့လုပ်နေတာ မမြင်လို့ပဲလား တမင်လုပ်နေတာလား..ဟင်"
ထိုအခါမှ ဆူးခတ် မျက်တောင်ပုတ်ခတ်ခတ်ဖြစ်သွားကာ လီလီအား ကြည့်ရင်း ရှိုးတိုးရှမ်းတမ်းဖြစ်သွားကာ လည်ပင်းကိုပွတ်ရင်း
"ဟို မမြင်လိုက်တာ...."
လီလီ သွားများပေါ်သည်အထိပြုံးရယ်ရင်း ဆေးလိပ်အား ပြန်ပေးလေသည် ဆူးခတ်လည်း ယူရင်း ဗူးထဲပြန်ထည့်ကာ အိတ်ကပ်ထဲပြန်ထည့်ရသည်
"ဌာနမှူးတစ်ယောက်ထဲလား... shopping ထွက်လာတာလား.."
"အွန်း တစ်ယောက်ထဲပဲ..."
"ဆေးလိပ်သောက်ချင်တာ တခြားနေရာမသွားပဲ ဒီနေရာမှာ ဘာလို့သောက်ဖို့လုပ်ရတာလဲ... public area ကြီးမှာ သက်သက်ဒဏ်ကြေးဆောင်ရအောင်လုပ်နေတယ်.."
"ဟို....စိတ်တေရှုပ်ထွေးလာရင် အဲ့လိုသောက်လိုက်ရမှ တည်ငြိမ်သွားတာမလို့..ရုတ်တရက်မို့ဆိုင်းဘုတ်ရှိတာသတိမထားမိလိုက်ဘူး"
ဆူးခတ် လီလီ့အား အကြည့်လွှဲကာ ပြောလိုက်ပေမယ့် လီလီက သူ့အားအကြည့်ချင်းမဆုံဆုံအောင်လိုက်ကြည့်ပြီး
YOU ARE READING
...Suu ...(Therapy Of Love)
Romanceမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙