အပိုင်း(၁၅)

37 3 1
                                    

အပိုင်း(၁၅)

"လီလီ ဘာလို့အကို့ဖုန်းတေကိုမကိုင်ရတာလဲ...တစ်ခုခုဖြစ်နေတာလား"

"စာမေးပွဲရှိနေလို့ပါ"

"လီလီအရင်ကဒီလိုမဟုတ်ပါဘူး...အကိုဖုန်းဆက်တာနဲ့အားအားမအားအားကိုင်နေကျလေ"

"ခုက လီလီမသိလိုက်လို့လေ ခုသိတော့လည်းပြန်ဆက်တာပဲကို"

"လီလီ ဘာဖြစ်နေတာလဲကွာ မင်းတစ်ခုခုတော့ဖြစ်နေတယ်...ကိုယ့်ကိုပြော"

"ဘာမှမဖြစ်ဘူး"

"ဘာကိုဘာမှမဖြစ်ရမှာလဲ မင်းကိုယ့်ကိုစကားပြောတာတောင် ကိုယ့်မျက်နှာကိုတချက်လှည့်မကြည့်ဘူး ...ကိုယ်ပစ်ထားလို့စိတ်ကောက်နေတာလား...မကောက်ပါနဲ့ကွာ ကိုယ်အလုပ်တေနဲ့တကယ်မအားလို့ပါ"ပြောရင်း သူ့အား ကျောပေးထားသော လီလီအား လက်မောင်းကဆွဲလှည့်ဖို့ကိုင်တော့ရုန်းလိုက်ပြီး

"မထိနဲ့ လီလီအကိုနဲ့မျက်နှာချင်းဆိုင်ချင်စိတ်ရှိမနေဘူး"

"ဒါဆို ဘာဖြစ်နေတာလဲ အကို့ကိုပြောပြ"

"အကိုလီလီ့ကိုတကယ်ကောချစ်ရဲ့လား..အကို့အတွက်လီလီကဘာလဲ"

"ဟော ချစ်တာပေါ့လီလီရယ် လီလီက အကို့အတွက် တန်ဖိုးထားရတဲ့ပန်းလေးပဲ"
လီလီ သူ့အား စကားချို‌ချိုလေးနဲ့သိမ်းသွင်းနေသဖြင့်စိတ်တိုစွာနဲ့ လှည့်ကြည့်ရင်း

"အပိုတေပြောမနေပါနဲ့  အကိုက လီလီ့ကိုလိုသုံးလိုသဘောထားနေတာ အကိုလိုမှ လီလီ့ဆီရောက်လာတာ ကျန်တဲ့အချိန်တေမှာတော့ အပိုလူပဲ ဟုတ်တယ်မလား"

"အကိုပြောပြီးပီလေကွာ အကိုတကယ်မအားလို့ပါ အကိုဘာလုပ်တယ် ဘယ်သွားတယ်ဆိုတာ လီလီ့ကိုစာနဲ့ရောဖုန်းနဲ့ပါ ပြောပြတာပဲလေကွာ"


"အကို့အလုပ်က hotel မှာလား..မိန်းမတစ်ယောက်နဲ့ hotel ထဲကိုပခုံးဖက်ဝင်သွားတာက အကို့အလုပ်လား.."
ထိုအခါမှ သူခိုးလူမိသလိုမျက်နှာထားမျိုးဖြစ်သွားပြီး မျက်နှာညှိုးကျသွားကာ

"အာ လီလီရယ် ကိုယ်တောင်းပန်ပါတယ် ...အဲ့ကိစ္စက လီလီနဲ့အကိုပြောထားပြီးသားမဟုတ်လား...အကိုလည်းယောက်ျားပဲလေကွာ တခါတလေ လိုချင်တာတော့ရှိတာပေါ့..လီလီက အဲ့လိုကိစ္စအတွက်ကိုယ့်ကိုခွင့်မှမပြုတာ ....."

...Suu ...(Therapy Of Love)Where stories live. Discover now