အပိုင်း(၁)

993 26 3
                                    

အပိုင်း(၁)

မှောင်မိုက်အေးစက်လွန်းပြီး ခြောက်ခြားဖွယ်အတိဖြစ်နေသော ကန်ရေပြင်ကြီးရှေ့တွင် အကြောင်းပြချက်မရှိရောက်လို့နေပြီး  ကြောက်ရွံ့ထိတ်လန့်စိတ်တို့ဖြင့် ကူကယ်ရာကိုလိုက်ရှာနေမိသည်
အတော်ကြာတဲ့အထိတိတ်ဆိတ်နေပြီး လူလည်း ချွေးတဒီးဒီးကျကာ မောဟိုက်လာရသည်

"ဘယ်သူရှိလဲ..."
ကန်ရေပြင်ဘေး ပျော့ခွေနွမ်းလျစွာထိုင်ချမိရင်း တုန်ရင်စွာငိုနေမိသည်

ထိုစဉ်ရှေ့သို့ လှပတဲ့အမျိုးသမီးတစ်ဦးလာရပ်ကာ ငုံ့ကြည့်ရင်း

"ကူကယ်ရာမဲ့နေသလား...အဟက်...နင်ဆိုတာ အစောတည်းကဖြစ်တည်မလာခဲ့သင့်တာ....နင်ရှိနေလည်း  ဟောဒီလောကကြီးမှာ နင့်အတွက်နေရာမရှိဘူး....ဒါကြောင့် ငါ့မျက်စိရှေ့ဘယ်တော့မှပေါ်မလာနဲ့.." စိမ်းသက်ကြမ်းတမ်းစွာပြောရင်း လက်မောင်းရင်းကို ကြမ်းတမ်းစွာဆွဲရင်း အနီးကရေကန်ထဲကို တွန်းချလိုက်တော့သည်

"အားးး..."
မောဟိုက်စွာလန့်နိုးလာခဲ့ပြီး တကိုယ်လုံးလည်းပင်ပန်းနွမ်းနယ်နေကာ ရွှဲစိုနေသည်မို့ ကိုယ်ကိုပြန်ကြည့်မိတော့ ချွေးထွက်လွန်နေတာပေ 

အိပ်ယာမှအမြန်ထကာ ရေချိုးခန်းဆီယိုင်နဲ့နဲ့လျှောက်သွားရင်း ရေချိုးခန်းမှန်ကို လက်နဲ့ကိုင်ကာ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိချိန် အသံတချို့ နားထဲကြားလာရသည်

"ဘယ်သူကမှမလိုချင်တဲ့ကလေးပဲ..."

"နင်အသက်ရှင်နေတော့ရော ဘာများထူးခြားသွားမှာမိုလို့လဲ...မြေလေးရုံပဲရှိတာပေါ့..."

"ဘယ်သူမှနင့်ကိုမလိုဘူး ဘာလို့အသက်ဆက်ရှင်ဖို့တွေးနေသေးလဲ"

"ဟာ.....သွား သွား သွားကြ...."
နားနှစ်ဖက်ကိုဖိပိတ်ရင်း ခေါင်းကိုခါရမ်းကာ ကယောင်ကတမ်းအော်နေမိသည်

မျက်နှာ အမြန်သစ်ပြီး လသာဆောင်ဘက်ပြေးကာ တုန်တုန်ယင်ယင်နဲ့ စားပွဲပေါ်က စီးကရက်ဗူးကိုယူကာ cigarette ထုတ်ကာ နှုတ်ခမ်းတွင်ကိုက်ခဲလျက် gas lighter နဲ့မီးညှိရင်း  အမြန်ဖွာကာ ရှူသွင်းရှူရှိုက်လျက် စိတ်ပူပင်စရာကိုပျောက်လိုပျောက်ညားဖြေလျှော့မိသည်

...Suu ...(Therapy Of Love)Where stories live. Discover now