အပိုင်း(၁၁)
"ဟလို...အွန်း ငါလာနေပြီ....မရောက်သေးဘူးမလား..."
ဆူးဖုန်းပြောရင်း hotelထဲ ဝင်လာနေပြီး ရုတ်တရက်ဘေးဘက်မှ ထွက်လာတဲ့ မိန်းကလေးကြောင့် ပခုံးချင်တိုက်ကာ ချော်လဲလုနီးနီးဖြစ်သွားရသည်။
ရုတ်တရက်မို့ စိတ်တိုသွားကာ"ဟေ့..မင်းလူတစ်ယောက်လုံး လာနေတာ မမြင်ဘူးလား"
"အို..တိုက်မိသွားတာလား.. sorry"
ဟန်လုပ်ကာ ပြောသွားတဲ့အမူရာဖြစ်တာကြောင့် ပိုဒေါသထွက်သွားရသည်။"မင်း...ဟိုတစ်ယောက်ပဲ..."
သူ့အား ကျောခိုင်းရင်းမျက်လုံးထောင့်ကပ်ကြည့်ကာ မဲ့ပြုံးပြုံးရင်းထွက်သွားတော့သည်။ ပုံမှန်လိုသာဆို ဒီလောက်နဲ့ ကျေအေးပေးမည်မဟုတ်...အရေးကြီးကိစ္စရှိသေးသည်မို့ လိုရာနေရာကိုသာ ဆက်သွားလိုက်ရသည်။......
VIP room ထဲ အရောက်မှာတော့ဆူးခတ် ကိုယ်ကို အနည်းငယ်ညွှန့်ကိုင်းကာ စကားဆိုလိုက်သည်။"လမ်းမှာ ကိစ္စလေးတစ်ခုကြောင့် နည်းနည်းနောက်ကျသွားလို့တောင်းပန်ပါတယ်"
ခွန်းသစ် လက်လှမ်းပြပြီး သူ့ဘေးထိုင်ရန်ညွှန်ပြသဖြင့် အနားသွားကာ ထိုင်လိုက်ပြီး မျက်နှာ ရှေ့လှည့်ချိန်မှာတော့...
"ဟင်.."
ခွန်းသစ်မာမီ ဒေါ်ခွန်းချိုခနဲ့ ဒယ်ဒီ ဦးစိုင်းမောင်ကတော့ ဝမ်းပန်းတသာနှင့် ဆူးရှေ့မှ သားမိနှစ်ယောက်နှင့်မိတ်ဆက်ပေးလေသည်
"မြ ဒါက ငါ ပြောပြောနေတဲ့ ခွန်းသစ်သူငယ်ချင်း ညာလက်ရုံး ဆူးခတ်နွယ်ဆိုတာပေါ့...အရင်ပွဲတုန်းက မိတ်ဆက်ပေးဖို့ကို သူ့ကျန်းမာရေးအခြေနေကြောင့် ပေးမတွေ့လိုက်ရတာ"
"ဆူးခတ်နွယ်တဲ့လား..."
ဆူး သူ့ရှေ့မှထိုအမျိုးသမီးအား မျက်တောင်မခတ်တမ်းကြည့်ရင်း ခေါင်းကိုငြိမ့်ပြလိုက်သည်။
လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ထိ GMC company မှ ဥက္ကဌမိသားစုနဲ့အတူ company ရဲ့ ထိပ်ဆုံးခေါင်းဆောင်များ ညစာအတူစားရမည်ဆိုသောကြောင့် ဆူးခတ်အတွက် အခွင့်ရေးတစ်ခုဟုမြင်ပြီး ဝမ်းသာနေခဲ့သေးသည်။ ယခုတော့ ထိုအတွေးတို့ တိမ်လိုလွင့်သွားခဲ့ပြီ။
သူ့အား မမှတ်မိသော ထိုအမျိုးသမီးကတော့ အေးဆေးတည်ငြိမ်စွာနဲ့ သူအပါဝင်တခြားသူတေကိုနှုတ်ဆက်နေလေသည်။
YOU ARE READING
...Suu ...(Therapy Of Love)
Romanceမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙