အပိုင်း(၃)
"အားးး ရူးချင်တယ် ဘယ်တော့မှဒီဇိုင်းဆွဲရမှာလဲ...တလတောင်ရှိနေပြီ ..."လီလီတို့သူငယ်ချင်းတစ်စုကန်တင်းတွင် နေ့လယ်စာစားရင်းငြီးတွားလို့နေသည်
"ဌာနမှူးကိုပြောကြည့်ရင်ရော"
"ဟဲ့ရမလား ငါတို့ကအလုပ်သင်တေလေ ကျောင်းမှာလို သွားတောင်းဆိုလို့မရဘူးဟ.."လီလီလည်း ဆူမြတ်အပြောကိုခေါင်းငြိမ့်ထောက်ခံလေသည်
ထိုစဉ် ဌာနမှူး ကန်တင်းရောက်လာသည်ကိုမြင်လိုက်ကြပြီး တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ကာ မသိမသာလိုက်ကြည့်ကြလေသည်
ဌာနမှူးဘေးတွင်တော့ မစိမ့်ပါပြီး တလမ်းလုံးလည်းတတွတ်တွတ်နဲ့စကားတေပြောလို့နေသည်စတင်အတင်းတုတ်ဖို့ပြင်နေတဲ့ချယ်ရီ့ထက်အရင်ဆုမြတ်မှ
"ချယ်ရီ့ နင်တမျိုးမတွေးခင် ငါသိချင်တာတစ်ခုပေါ်လာတယ်"
"ဘာလဲ..."
"ငါတို့ဌာနမှူးက အကွေးလား..."
"ဘာကြီး...ဌာနမှူးက ဘာကွေးတာလဲ.."လီလီမှ နားမလည်ပါးမလည်နဲ့ အကျယ်ကြီးမေးချလိုက်တော့ ချယ်ရီ ပါးစပ်ကိုလက်နဲ့အတင်းအုပ်ကာ
"ဟဲ့တိုးတိုး နင့်မယားအဝေးမရောက်သေးဘူးဟဲ့..."လီလီချယ့်ရီ့လက်ကိုရိုက်ပုတ်ကာဖယ်ထုတ်ရင်း
"ဘာမယားလဲ...မဦးမချွတ် ပေါက်တတ်ကရတေမပြောစမ်းနဲ့.."
"ကွေးတာတောင်နင်မသိဘူးလားဟ..."
"ဘယ်သိမလဲ သူကအဖြောင့်ကိုး..."ချယ်ရီ့စကားကြောင့်လီလီကမျက်စောင်းခဲရင်း
"ရုတ်တရက်မို့မသိလိုက်တာပါ..ငါနင်တို့လိုအမြဲတွေးနေတာမှမဟုတ်ပဲဟာ..."
"ထားထား သူ့ကို ထားလိုက်တော့ ငါတို့ပဲပြောမယ်"ဆုမြတ် လီလီ့ကိုမျက်နှာလွှဲရင်းချယ်ရီနဲ့ခေါင်းချင်းဆိုင်ကာ အတင်းစကားစတော့သည်
"ဌာနမှူးပုံစံ ဒီဇိုင်းကာလာအနေထားအရဆို လုံးဝကိုအဖြောင့်မဖြစ်နိုင်ဘူး..."
"နင်နဲ့ငါအတွေးတူတယ် ....ကြည့်လိုက်တာနဲ့ကွာ possessive typeဖြစ်လောက်မယ့်ပုံ.."
YOU ARE READING
...Suu ...(Therapy Of Love)
Romansaမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙