အပိုင်း(၂)
ဆူးခက် ကွန်ဒိုပြန်ရောက်တော့ အထဲတွင် လူတစ်ယောက်ရှိနေလေသည်မို့ ဘယ်သူလဲ ရှည်ရှည်ဝေးဝေးတွေးကြည့်စရာမလို
"စိမ့်စမ်း...ငါဒီနေ့ နားရက်ယူထားတယ်လေ ဘာလာလုပ်တာလဲ..."
ဆိုဖာပေါ်တွင် တီဗိထိုင်ကြည့်ရင်းသူ့ကိုလှည့်ကြည့်လာသော စိမ့်စမ်းကရယ်ရင်း အနားကို ပြေးလာကာ
"နင်တစ်ယောက်ထဲအဆင်မပြေမှာစိုးလို့လေ..ဟဲဟဲ..."
"အားနေတာလား..."
"အွန်း အားတယ်လည်းမဟုတ်ပါဘူး...နင့်အိမ်မလာတာကြာပြီလေ...အဲ့နူးညံ့အိစက်နေတဲ့ဆိုဖာကြီးကိုလွမ်းတဲ့စိတ်ကြောင့်လည်းပါတာပေါ့ဟယ်"ပြောရင်းနဲ့ပဲ ဆိုဖာပေါ်ခုန်တက်ကာ ခြေပစ်လက်ပစ်လှဲချလိုက်တော့သည်
ဆူးခက် စပ်စလူးမကိုကြည့်ကာ ခေါင်းရမ်းရင်း မီးဖိုချောင်ဘက်လျှောက်လာကာ ဝယ်လာသောပစ္စည်းတချို့ကိုရေခဲသေတ္တာထဲထည့်ဖို့လုပ်နေလေသည်စိမ့်စမ်း ကြွပ်ကြွပ်အိတ်အသံကြား၍ ဆက်ကနဲ ကောက်ထကာ အနားရောက်လာပြီး အိတ်ကိုမွှေနှောက်ရှာနေတော့သည်
"ဆူးး နင်က အရက်သမားလား အရက်တေကြီးပဲ..
ဒီဆေးလိပ်ကဘာလုပ်တာလဲ..နင့်ကိုဒေါက်တာခင်သစ္စာကမသောက်ဖို့မှာထားတယ်မဟုတ်ဘူးလား"ဆူးခက်ကတော့အရေးမလုပ် ဝယ်လာသော ပုလင်းတေကို ရေခဲသေတ္တာထဲအစီအရီကိုထည့်နေတော့သည်
"မေးတာမဖြေဘူး ကြည့် နင်တော့လေ ..ငါ့ထက်အကောင်သာ မကြီးရင်ကိုင်ပေါက်ပစ်နေပြီသိလား.."စိမ့်စမ်း လက်သီးဆုတ်ကာ အံကိုကြိတ်လျက်ဆိုတော့ ဆူးခက်ရယ်မိရင်း
"စမ်းကြည့်လိုက်လေ...."
"ဟွန့်..မြင်ပြင်းကပ်စရာ.....ဒါနဲ့ ...မေမေနင့်ဖို့ ဟင်းတေထည့်ပေးလိုက်တယ် ဟိုအကန့်မှာ တွေ့လား..ငါထည့်ထားတယ် "
လက်ညှိုးထိုးကာ လှမ်းပြလေသည်
ဆူးလည်းခေါင်းငြိမ့်ရင်း"အန်တီ့ကိုကျေးဇူးတင်ပါတယ်လို့ နောက်ဆို ဒီလိုတေမလုပ်ပေးပါနဲ့ အန်တီပင်ပန်းပါတယ်..."
"အမလေး မေမေက နင့်အတွက်လုပ်ပေးရရင်မပင်ပန်းဘူး သူကအိမ်ကိုတောင်ခေါ်ထားချင်နေတာ....ဟွန့်.."
YOU ARE READING
...Suu ...(Therapy Of Love)
Romanceမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙