အပိုင်း(၁၄)
ဆူးနဲ့လီလီအခန်းပြင်ထွက်လာကြချိန်မှာတော့ ခွန်းသစ်နဲ့စိမ့် ဧည့်ခန်းတွင် အခန့်သား တီဗီထိုင်ကြည့် နေသည်ကိုတွေ့လိုက်ရပြီး သူတို့အားမြင်သည်နှင့် စိမ့်မှ လက်လှမ်းပြကာ
"လီလီ့ဘလိုနေသေးလဲ"
"ဟုတ် သက်သာသွားပါပြီ ကျေးဇူးတင်ပါတယ်နော် မစိမ့် ဟို... CEOကြီး"
လီလီ့အခေါ်ဝေါ်ကြောင့် စိမ့်စမ်း သဘောကျကာ ခွန်းသစ် ဘက်လှည့်လျက်
"CEOကြီးတဲ့ အဟက်ဟက်"
"နာမည်ပဲခေါ်ပါ အဲ့လိုကြီးမခေါ်ပါနဲ့"
"အဲ့တာက ဟို.."ခေါင်းလေးကုတ်ကာ ဆူးခတ်ကိုအကြည့်ရောက်သွားသဖြင့် ဆူးခတ်မှ
"ကဲ သူခေါ်တတ်သလိုခေါ်ပါစေ လာ လီလီ ကြက်ကြော်စားရအောင် ....နင်တို့အကုန်စားလိုက်ကြသေးလား"
"မစားပါဘူး ချန်ထားတယ် "
လီလီ့အား စားပွဲတွင်ထိုင်စေကာ စားဖို့ရန်သူ
ကိုယ်တိုင်ပြင်ဆင်ပေးရင်းတဖက်ကိုလည်းစကားလှမ်းပြောရသေးသည်။"နင်တို့ကမပြန်သေးဘူးလား နောက်ကျနေပြီကို"
"ပြန်မပို့တော့ဘူး စိမ့်ကိုငါ့အခန်းခေါ်သွားမှာ"ခွန်းသစ် ထိုသို့ဖြေတော့ စိမ့်ကသူ့ပေါင်အား လှမ်းရိုက်ကာ
"ဘယ်သူကနင်နဲ့လိုက်မယ်ပြောလို့လဲ""အမ်...ဒါဆို အိမ်မပြန်တော့ဘူးလို့ဖုန်းဆက်ထားတာကျတော့ရော"
"လီလီနဲ့အဖော်ကူနေပေးမို့လေ"
"ငါရှိတယ် လိုက်သွားလိုက်"
"အယ် နှင်နေတာလား"
"ဟုတ်တယ်"
"အားးး ဆူးခတ် စုတ် နင်ဟာလေ လူကိုအားမနာရှာမကျိုးနော် ရက်ရက်စက်စက်သိပ်ပြောတာပဲ"
ဆူး ပခုံးတွန့်ပြကာ အစားဆက်စားနေလိုက်သည်။ လီလီ ဌာနမှူးတို့သူငယ်ချင်းတေအားကြည့်ကာ သူရဲ့သူငယ်ချင်းတေကိုသတိရကာပြုံးမိသွားရသည်။
"ကဲ စိမ့် ပြန်မယ် လာ"ခွန်းတစ်ယောက် ဇာတ်လမ်းပြီးသည်နှင့် တီဗီပိတ်ကာ အပျင်းကြောဆန့်ရင်း စိမ့်ပခုံးလှမ်းဖက်ကာ အတင်းဆွဲခေါ်တော့သည်။
YOU ARE READING
...Suu ...(Therapy Of Love)
Romansaမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙