အပိုင်း(၇)ပွဲရလဒ်ကြေငြာပြီးနောက် ပထမဆုံးအရွေးခံရသူဟာ စိမ့်စမ်းဖြစ်ပြီး ယခုဆိုဌာနမှူး ရာထူးတိုးအတွက်နေရာယာထားပြီးဖြစ်သည် တခြား စီနီယာများလည်း အသီးသီး အကျိုးခံစားခွင့်များရရှိခဲ့ကြပြီး များစွာ အရည်ချင်းရှိသော အလုပ်သင်များကိုလည်းတွေ့ခဲ့ရသည်။ဆုရသော အလုပ်သင်များသည် ဘွဲ့ရသည်နှင့် company တွင် တန်းကာအလုပ်ဝင်နိုင်မည်ဖြစ်ပီး SAMနဲ့ပတ်သတ်ဆက်နွယ်သော company များတွင် လွယ်ကူစွာ အလုပ်ဝင်လျှောက်နိုင်ပြီး အလုပ်ရပြီးပါက စီနီယာများနည်းတူ တန်းတူအကျိုးခံစားခွင့်ရသွားမည်ဖြစ်သည်
ဆူးခတ်ကတော့ ဘုတ်အဖွဲ့မှ အဆုံးအဖြတ်နှင့် မကြာမှီအနားယူတော့မည့် အဖွဲ့မှူးရဲ့နေရာအတွက် သူ့အားမှန်းထားကြလေသည်
ထိုပွဲအတွက်ဂုဏ်ပြုသောအားဖြင့် award ceremony ကို ပြုလုပ်မည်ဖြစ်ပြီး company မှအကြီးကဲများနှင့်အတူ partner လုပ်ငန်းရှင်များလည်းတက်ရောက်ကြမည်ဖြစ်သည်
.......
ဆူးခတ်ပွဲကျင်းပမည့် hotelမှအပြန် ဒေါက်တာခင်သစ္စာနှင့်ဆုံကာ စကားပြောဖြစ်ကြလေသည်
"ဆူး..ငါ့ဆရာပြောတယ် နင်ပုံမှန်သူ့ဆီမသွားဘူးဆို.."
"ဟို...ခုတလော company ကိစ္စနဲ့အလုပ်ရှုပ်နေလို့ပါ"
"အခြေနေကပုံမှန်ထက်သက်သာလာတယ်ကြားတယ်..ဒါမယ့် .ပုံမှန်လေးလည်းကုသမှုခံယူစေချင်တယ်"
"အွန်းပါ သွားလိုက်ပါ့မယ်"
"ခုလို ပိုကောင်းလာတဲ့အခြေနေနဲ့ပြန်မြင်ရတာဝမ်းသာပါတယ်နော်..."
"ကျေးဇူးပါ..."
"နှစ်တေအကြာကြီးနေမှ ခုလို လန်းလန်းဆန်းဆန်းမြင်ရတာ ငါတကယ်အံ့ဩမိသားပဲ..ခွန်းသစ်တို့ဆီကလည်း ဘာသတင်းမှမကြားတော့အရင်လိုပဲထင်ပြီးစိတ်ပူနေသေးတာ"
"သူတို့လည်းအလုပ်များနေကြတာလေ"
"အွန်း...ခုလို ပြောင်းလဲလာပုံထောက်ရင် တချိန်က ရှာဖွေခဲ့ရတဲ့ ပန်းကလေးကိုပြန်ရှာတွေ့သွားလို့များလားနော်"
ခင်သစ္စာအမေးကို ဆူးခတ်စိတ်လိုလက်ရပြုံးရင်းး ခေါင်းလေးငုံ့သွားတော့သည်
YOU ARE READING
...Suu ...(Therapy Of Love)
Romanceမင်းဘဝမှာ အရာအားလုံးဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်မျိုး ရှိခဲ့ဖူးလား.... ရှင်သန်နေရတာ ဘာအတွက်လဲဆိုတာကောတွေးမိဖူးလား.... အဓိပ္ပာယ်မရှိတဲ့ဘဝကြီးကိုရှေ့ဆက်ဖို့အတွက် အကြောင်းပြချက်သေးသေးလေးတစ်ခုထဲနဲ့တင်လုံလောက်တယ်ဆိုယုံနိုင်လောက်လား... 🤙🤙