Part - 3

100 18 6
                                    


တစ်နေကုန်အလေလိုက်ပြီးအပြန်Biyoကသူ့အမေအတွက်မုန့်လေးဝယ်ချင်တယ်ဆိုလို့သွားဝယ်နေတာအခုထိပြန်မလာသေးဘူးဗျာ၊ကျွန်တော်နဲ့Runလည်းစောင့်ရတာခေါင်းမွှေးဖြူတော့မယ်

ကျွန်တော်လည်းကားပေါ်မှာထိုင်စောင့်နေရတာစိတ်မရှည်တော့တာနဲ့Runနဲ့အတူကားပေါ်ကနေဆင်းလာလိုက်ပြီးဆိုင်ထဲကိုဝင်လိုက်သွားတယ်..။

အထဲရောက်တော့Biyoကခုံတစ်ခုံမှာထိုင်စောင့်နေရတယ်...ကောင်တာမှာလူတွေများတော့သူ့အလှည့်မရောက်နိုင်ဖြစ်နေတာ....။

JK_"ဟျောင့်! ဘာလုပ်နေတာလဲမင်း"

Run_"အေးလေ ငါတို့မှာတော့စောင့်လိုက်ရတာ"

Biyo_"မင်းတို့လိုက်လာတာလား ဟိုမှာလေလူတွေများနေတာကိုငါစောင့်နေရတာပေါ့"

JK_"ကျစ် မင်းကလည်းအဓိပါယ်မရှိတာလုပ်ပြန်ပြီ ကိုယ်လိုချင်ရင်သွားမှာလိုက်လေလူများတာတွေနည်းတာတွေလုပ်နေတယ်"

Biyo_"ငါသွားသေးတယ်အဲ့ကဝန်ထမ်းတွေကမရဘူးဆိုလို့"

Run_"မရဘူးဟုတ်လား?"

Biyo_"အေး"

JK_"ကျစ်"

ကျွန်တော်လည်းလူတွေအုံနေတဲ့ကောင်တာစီကိုတိုးဝင်သွားလိုက်တယ်

Biyo_"ဟျောင့်ဘာလုပ်ဖို့လဲ"

Run_"မင်းအပေါက်ပိတ်ပြီးလိုက်ခဲ့"

RunကBiyoကိုထိုသို့ပြောပြီးကျွန်တော့်နောက်ကိုလိုက်လာတယ် ကျွန်တော်လည်းအနားရောက်တာနဲ့လူတွေကိုတွန်းဖယ်ပြီးကောင်တာစီကိုရောက်အောင်သွားတယ်

ထိုအချိန်လူတစ်ယောက်ကကျွန်တော်တွန်းဖယ်တာကိုသဘောမကျတဲ့ပုံစံနဲ့ကျွန်တော့်ကိုရန်လာရှာတယ်...

Man_"ဟျောင့် မင်းဘာလုပ်တာလဲ"

JK_"ဘာလဲ ခင်ဗျားကမကျေနပ်ဘူးလား"

Man_"မကျေနပ်လို့ပြောနေတာမဟုတ်ဘူး မင်းကိုဘာလုပ်တာလဲမေးနေတာ"

JK_"ကျစ် တွန်းတာလေဗျာ ခင်ဗျားကိုတွန်းလိုက်တာလေ ခင်ဗျားနားမလည်ဘူးလား?"

Man_"ဟက် ဒီမှာဟျောင့်ကျန်တဲ့လူကိုတော့မင်းတွန်းချင်တွန်းလို့ရမယ် ငါကိုတော့မထင်နဲ့ဟျောင့်"

ဟန်ဆောင်၍မရခဲ့သောအချစ်Where stories live. Discover now