Jk Mom_"ဟဲ့ဂျွန်ဂျောင်ဂုမပြီးသေးဘူးလား"JK_"အာ နေပါအုံးမေမေရဲ့ဒီမှာသားတစ်နေလို့"
Mom_"ဟမ်? ဟဲ့ ဘာတစ်တာတုန်းဒီကောင်လေးကတော့တကယ်ပါပဲဘာတွေပြောနေလဲမသိဘူး အေးပြီးရင်ကားပေါ်ကိုတစ်ခါတည်းလာခဲ့လိုက်တော့ကြားလား"
JK_"အင်း"
ကျွန်တော်လည်းဘောင်းဘီဇစ်ကိုမြန်မြန်ဆွဲလိုက် အယ်..မြန်မြန်မဆွဲရဲဘူးဗျညပ်သွားမှာစိုးလို့..
[A/n - အော်ရှင်ရယ်အဲ့ဒါတွေမပြောရဘူးလေ]
[JK - ကဲပါ ရေးစရာရှိတာရေး]ကျွန်တော်လည်းအဝတ်အစားလဲပြီးအခန်းထဲကထွက်လာခဲ့တယ်
ဒီနေ့ကကျွန်တော်လက်ထပ်ရမဲ့သူကိုသွားတွေ့ရမဲ့နေ့လေတစ်ခါတည်းစေ့စပ်မယ်ဆိုပါတော့...
ကျွန်တော်လည်းအပြင်ထွက်ပြီးမေမေတို့စောင့်နေတဲ့ကားပေါ်ကိုတက်သွားလိုက်တယ်ဖေဖေကခေါင်းမောင်းတဲ့နေရာမှာထိုင်ပြီးတော့ကျွန်တော်နဲ့မေမေနဲ့ကတော့ခရီးသည်ထိုင်ခုံမှာပေါ့JK_"ဒါနဲ့ဘယ်မှာသွားတွေ့ရမှာလဲ"
Mom_"ရွာမှာ"
JK_"ဘာ! ရွာ? ဟုတ်လား"
Mom_"ဟဲ့ ဟုတ်တယ်လေဘာဖြစ်တာလဲအဲ့ဒါ"
JK_"သားအဆင့်အတန်းနဲ့ရွာ ဟုတ်လား? ဟာဗျာအဲ့ဒါကြီးမမိုက်လိုက်တာ!"
Mom_"နေပါအုံး ရွာကဘာဖြစ်နေလို့လဲ နင့်အဆင့်အတန်းကရောဘာမို့လို့လဲ"
JK_"သားလိုအဆင့်တန်းရှိရှိနေတဲ့သူတစ်ယောက်ကအဲ့လိုစုတ်စုတ်ပဲ့ပဲ့နေတဲ့ရွာကလူကိုလပ်ထပ်ရမယ်ပေါ့ ဟုတ်လား"
Mom_"အောင်မယ် နင်ကအဆင့်အတန်းရှိတယ်လို့ဘယ်သူပြောလဲအဆင့်အတန်းဆိုတာရောဘာလဲဆိုတာနင်နားလည်လို့ပြောနေတာလား"
JK_"ဘာလို့နားမလည်ရမှာလား သားအဆင့်အတန်းရှိတာတစ်လောကလုံးသိတယ်မေမေတို့ပဲမသိတာ"
ကျွန်တော်နဲ့မေမေလည်းသွားခံနီးစကားများနေကြတာပေါ့ ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာ ကျွန်တော့်လိုလူတစ်ယောက်ကအဲ့ရွာဆိုတာကြီးနဲ့လိုက်ဖက်ပါ့မလား...

YOU ARE READING
ဟန်ဆောင်၍မရခဲ့သောအချစ်
Fanfiction♡...'ကျွန်တော်ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူးHyung'...♡