Part - 16

668 54 21
                                    


အားလုံးပဲအကြာကြီးပစ်ထားမိလို့အရင်‌ဆုံးတောင်းပန်ချင်ပါတယ် ဒီကြားထဲမှာသာသာရဲ့ဘိုးဘိုးကရုတ်တရပ်အရေးပေါ်ဖြစ်လို့ဆေးရုံတင်လိုက်ရတာကြောင့်ပါသောကြာနေ့ကမှပြန်ဆင်းလာရလို့ကြားထဲကနှစ်ရက်ကိုအနားယူနေတာနဲ့ဒီနေ့မှUPပြန်စပေးမယ်ဆိုပြီးဆုံးဖြတ်ခဲ့ပါတယ်

ဒီအပိုင်းကိုမဖတ်ခင်အရင်ကUPခဲ့တဲ့အပိုင်းလေးကိုမမှတ်မိရင်ပြန်ဖတ်ကြည့်ပါနော်ကြားထဲမှာရက်တွေကတော်တော်ကြာသွားတော့မေ့သွားမှာစိုးလို့ပါ ဒါဆိုစလိုက်ရအောင်
__________________________

ကျွန်တော်အိပ်နေတုန်းဆူညံသံတွေကြားလိုက်ရတော့စိတ်ရှုပ်ပြီးထအော်လိုက်မိတယ်

JK_"ကျစ် ဘာလဲကွာ!"

ဆူညံနေတာဘယ်သူလဲဆိုပြီးသေချာကြည့်လိုက်တော့မှSusanဖြစ်‌နေတယ်

JK_"babeဘယ်လိုရောက်နေတာလဲ"

ကျွန်တော်အိပ်နေရာကနေဖြည်းဖြည်းထပြီးSusanကိုကြည့်လိုက်တော့Susanကနှုတ်ခမ်းစူပြီးစောနကသူ့ကိုအော်လိုက်လို့စိတ်ဆိုးသွားပုံရတယ်...

Susan_"သူများကအခြေအနေလာမေးတာကို လာအော်နေတယ်!"

ကျွန်တော်လည်းစောနကအိပ်မောကျနေတာကိုရုတ်တရပ်ကြီးလာနှိုးတော့စိတ်ရှုပ်သွားတာပေါ့
သက်ပြင်းချပြီးစိတ်ရှုပ်တဲ့လေသံမပေါ်အောင်ထိန်းပြောလိုက်တယ်

JK_"Babeကိုအော်တာမဟုတ်ပါဘူးကွာ ရုတ်တရပ်ဆိုတော့နည်းနည်း...."

Ss_"သွားစမ်းပါ! ချစ်အသံကြီးဒီလောက်ကြားနေရတာကိုမမှတ်မိလို့အော်လိုက်တာလားဟမ်?"

JK_"ဟော...ကဲတော်တော့ babeရာ ကိုဒီမှာခေါင်းကဒဏ်ရာကလည်းသက်သာသေးတာမဟုတ်ဘူး"

Ss_"ဟွန့်"

ကျွန်တော်လည်း‌ဆံပင်တွေကိုဖွလိုက်ပြီးဒဏ်ရာကိုစမ်းကြည့်လိုက်တယ် နည်းနည်းတော့နာနေသေးတယ်ပတ်တီးကိုဖြည်လိုက်တော့ဒဏ်ရာကဟောင်းလောင်းကြီးဖြစ်နေမှာပေါ့

Ssကိုပြန်ကြည့်တော့လက်ပိုက်ပြီးဟိုဘက်ကိုလှည့်နေတယ်နှုတ်ခမ်းကလည်းစူ‌ထားသေးတာတော်တော်ကိုစိတ်ကောက်တတ်တဲ့အမျိုး

ဟန်ဆောင်၍မရခဲ့သောအချစ်Where stories live. Discover now