Part - 15

741 58 15
                                    


ကျွန်တော့်အနေနဲ့ဒီလိုမျိုးတစ်ခါမှလည်းမကြုံခဲ့ဖူးသလိုရဲစခန်းကိုရောက်ရလိမ့်မယ်လို့တကယ်ကိုတွေးတောင်မတွေးကြည့်ဖူးဘူး.....

JKကရန်ဖြစ်ပြီးရဲစခန်းရောက်နေတယ်လည်းကြားရောကျွန်တော့်မှာအပြေးလေးသွားလိုက်ရတာကိုယ်ကတော့အဲ့လိုကိစတွေတစ်ခါမှမကြုံဖူးတော့ဘာမှနားမလည်ပေမဲ့စိတ်ပူတဲ့စိတ်နဲ့လမ်းကလူတွေကိုအဲ့ရဲစခန်းဘယ်လိုသွားရလဲဆိုတာကိုမေးပြီးအပြေးလာခဲ့တာ....

တရားစွဲထားတယ်ဆိုတော့ကျွန်တော် တော်တော်စိတ်ပူခဲ့တာကျွန်တော်ကဘာမှနားမလည်တဲ့အပြင်ဘာလုပ်ရမှန်းလည်းမသိတော့အူကြောင်ကြောင်တော့ဖြစ်သွားနိုင်တယ်

တော်သေးတာပေါ့တစ်ဖက်ကနားလည်ပေးလို့အလျော်ပေးပြီးရဲစခန်းကပြန်ထွက်လာခဲ့ရတယ်...

JKကအရင်သာပြန်သွားတာကျွန်တော်ကတော့စိတ်ပူနေတုန်းပြန်လာတော့ကားလေးငှားပြီးအိမ်ကိုပြန်လာတယ်

အိမ်ပြန်ရောက်တော့JKကဆိုဖာပေါ်မှာအိပ်နေတယ်ဒီအတိုင်းပဲဒဏ်ရာကိုလည်းဆေးမထည့်ဒီအတိုင်းချည်းအိပ်နေတော့တစ်ခုခုဖြစ်မှာကိုစိုးရိမ်တာပေါ့.....

အဲ့ဒါဆေးထည့်ပေးမယ်ပြောတော့မလုပ်နဲ့တဲ့‌လေကျွန်တော်ဂရုစိုက်ဖို့ပြောခဲ့ပါသေးတယ် သူကမလုပ်နဲ့ချည်းပဲဇွတ်ပြောနေတာ.....

သူအိပ်ပျော်သွားတော့မှကျွန်တော်လည်းအခန်းထဲကိုတိတ်တိတ်လေးဝင်လာတယ် တံခါးကိုလည်းဖြည်းဖြည်းလေးပြန်ပိတ်လိုက်တယ်....

သူအိပ်နေတဲ့ခုတင်အနားကို‌ခြေသံမထွက်အောင်လျှောက်လာပြီးခုတင်အစွန်းမှာထိုင်လိုက်တယ်
ကျွန်တော့်လက်ထဲမှာဆေးသေတ္တာလေးကိုကိုင်လာတာပေါ့....

ခုတင်အစွန်းမှာဖြည်းဖြည်းချင်းထိုင်လိုက်တဲ့အချိန်သူနှစ်"ခြိုက်"အိပ်ပျော်နေလားမပျော်နေလားဆိုတာအရင်စစ်ကြည့်လိုက်တယ်နောက်တော့ဟောက်သံလေးနည်းနည်းထွက်နေတာ‌ကြားတော့သက်ပြင်းချလိုက်တယ်....။

ကျွန်တော်ဆေးသေတ္တာကိုအသံမထွက်အောင်ဖွင့်ပြီးဒဏ်ရာအတွက်လိုအပ်မဲ့ဆေးဘူးတွေနဲ့ပတ်တီးကိုထုတ်လိုက်တယ်....

ဟန်ဆောင်၍မရခဲ့သောအချစ်Where stories live. Discover now