အဲ့ကောင်လေးကအရှေ့ကနေသုတ်"သုတ်"နဲ့သွားတာကျွန်တော့်ကိုတောင်မစောင့်ဘူးအနောက်ကိုလည်းလှည့်မကြည့်ဘူး ကျွန်တော်လည်းဘာမှမပြောတော့ပဲသူ့အနောက်ကိုဆက်လိုက်လာရင်း....JM_"ဒီမှာ ဒီမှာ"
သူကအနောက်ကိုလည်းမကြည့်ပဲလမ်းဆက်လျှောက်နေတာလမ်းကဆုံးတော့မယ်လေအဲ့ဒါကြောင့်လှမ်းခေါ်လိုက်ပေမဲ့သူကလှည့်မကြည့်ဘူး
JM_"အရှေ့မှာဘာမှမရှိတော့ဘူး ဒီဘက်ကိုလာရမှာ"
အဲ့တော့မှာသူကရပ်လိုက်ပြီးကျွန်တော့်ကိုလှည့်ကြည့်တယ်
JM_"ဒီလမ်းကိုသွားရမှာ"
ကျွန်တော်လည်းဘေးနားကလမ်းကိုညွှန်ပြလိုက်တာပေါ့ ဒါမဲ့အဲ့ကောင်လေးကဘာမှပြန်မပြောပဲကျွန်တော့်ကိုစိုက်ကြည့်နေတယ်နောက်တော့မှထပ်ပြောတယ်....
JK_"ကိုယ့်ဟာကိုသွားချင်တဲ့နေရာသွားမှာပေါ့"
လို့ပြောပြီးတော့ပြန်ထွက်သွားပြန်တယ်
ကျွန်တော်လည်းသူ့အနောက်ကိုမြန်မြန်လိုက်သွားပြီးပြန်ခေါ်လိုက်ရတာပေါ့JM_"ဟင် မဟုတ်ဘူးလေညီလေး...အယ်ညီလေးခေါ်ရတာတစ်မျိူးကြီးပဲ...ဟိုကောင်လေး...ကျစ် ဟိုကောင်လေးကလည်းမဟုတ်ပြန်ဘူး.ဟိုဂျောင်..ဂျောင်"
အိမ်ထဲကမထွက်လာခင်တုန်းကအန်တီကသူ့နာမည်ကိုခေါ်လိုက်ပေမဲ့အာရုံတွေများနေတော့မသိလိုက်ဘူးနာမည်ကိုကြားလိုက်ရပေမဲ့သေချာမမှတ်မိဘူးဖြစ်သွားတယ်...။
Jm mind_*သူ့နာမည်ငါကြားလိုက်ပါတယ်ဂျောင်ဘယ်သူပါလိမ့်.ဂျောင်ဂျွန်..နောက်တစ်လုံးကဘာပါလိမ့်..ဂု..အော်ဂုဟုတ်တယ်*
JM_"ဂျောင်ဂျွန်ဂု...ဂျောင်ဂျွန်ဂုနေအုံး.."
ကျွန်တော်လည်းသူ့နာမည်ကိုခေါ်ပြီးသူ့အနောက်ကိုပြေးလိုက်သွားတယ်အဲ့ကောင်လေးကလမ်းလျှောက်နေရင်းရပ်ပြီးကျွန်တော့်ကိုပြန်လှည့်ကြည့်တယ်
JK_"ခင်ဗျားဘယ်သူ့ကိုခေါ်နေတာလဲ"
JM_"မင်း.မင်းကိုခေါ်နေတာလေ မင်းနာမည်ဂျောင်ဂျွန်ဂုမဟုတ်ဘူးလား"
YOU ARE READING
ဟန်ဆောင်၍မရခဲ့သောအချစ်
Fanfiction♡...'ကျွန်တော်ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူးHyung'...♡