Part - 2

697 50 8
                                    


နေအလွန်ပူပြင်းလွန်းတဲ့အခါမြေကြီးတွေအက်ကွဲလာသလိုသစ်ရွက်တွေလည်းခြောက်သွေ့ပြီးကြွေကျတက်ကြတယ်ထိုအချိန်မှာတော့စာသင်ခန်းငယ်လေးတစ်ခုမှာစာသင်ယူနေကြတဲ့ကလေးအနည်းစုနဲ့စာသင်ကြားပေးနေတဲ့ငယ်ရွယ်ပြီးအပြစ်ကင်းတဲ့ဆရာလည်းမဟုတ်တဲ့ဆရာတစ်ယောက်ရှိနေခဲ့တယ်.....

"ကဲ ဒါဆိုဒီနေ့ကတော့ဒီလောက်နဲ့ပဲရပ်လိုက်တော့မယ်နော်"

children_"ဟုတ်"

ဆရာကပြုံးလိုက်ပြီးသူ့စားပွဲပေါ်ကစာအုပ်အချို့ကိုလက်နဲ့ကောက်ကိုင်ကာမတ်တပ်ရပ်လိုက်တယ်

"ကဲအိမ်ပြန်ကြရအောင်..."

children_"ရေးးးး"

ကလေးတွေလည်းသူတို့ရဲ့ကိုယ်စီလွယ်အိတ်ထဲကိုစာရေးကိရိယာတွေထည့်ပြီးကျောမှာလွယ်ကာအခန်းငယ်လေးထဲနေဆရာနဲ့အတူထွက်လာခဲ့ကြတယ်.....။

ကိုယ်စီအိမ်သို့ပြန်သွားပြီနောက်ဆရာလည်းသူ့ရဲ့နေအိမ်သို့ပြန်လာခဲ့သည်။

ကျွန်တော့်နာမည်ကတော့Park Jiminပါ
ကျွန်တော်ကဆိုနမ်ဆိုတဲ့ရွာလေးတစ်ရွာမှာနေထိုင်ပါတယ်အဲ့ဒီ့ရွာလေးမှာကျွန်တော်ကကျွန်တော့်ရဲ့မွေးစားဖွားဖွားနဲ့အတူတူဘဝကိုဖြတ်သန်းနေတဲ့ကိုက်ဆရာလေးတစ်ယောက်ဆိုလည်းမမှားပါဘူးဗျာ

ကျူရှင်မတက်နိုင်တဲ့ကလေးတွေကိုကိုယ့်ဘက်ကတက်နိုင်သလောက်စေတနာနဲ့သင်ကြားပေးတဲ့ကိုက်ဆရာတစ်ယောက်ပေါ့ဗျာကျွန်တော့်ရဲ့မွေးစားအဖွားဆိုတာကတော့.....

ကျွန်တော်3နှစ်သားအရွယ်မိဘမဲ့ဖြစ်သွားတဲ့အချိန်ဒီဆိုနမ်ရွာလေးကို‌ရောက်လာပြီးဖွားဖွားနဲ့တွေ့တယ်ဖွားဖွားကလည်းတစ်ယောက်တည်းနေတာကြောင့်ကျွန်တော့်ကိုမွေးစားခဲ့တယ်

ကျွန်တော်အသက်အရွယ်ရတဲ့အထိဖွားဖွားကပြုစုပျိုးထောင်ပေးခဲ့တယ်ဖွားဖွားကကျွန်တော့်ကို‌ကိုယ်တိုင်မွေးပေးခဲ့တဲ့အမေမဟုတ်ပေမဲ့ဖွားဖွားကိုအမေလိုသဘောထားပြီးကျွန်တော်အရမ်းချစ်တယ်ဖွားဖွားကကျွန်တော့်ရဲ့မွန်မြတ်တဲ့ကျေးဇူးရှင်တစ်ယောက်ပါပဲ.....

ဖွားဖွားကလည်းကျွန်တော့်ကိုသူ့ရဲ့သားအရင်းလေးတစ်ယောက်လိုမြည်းအရင်းလေးတစ်ယောက်လိုချစ်တယ်ကျွန်တော်ကလည်းဖွားဖွားကိုမိဘလိုချစ်တယ်....

ဟန်ဆောင်၍မရခဲ့သောအချစ်Where stories live. Discover now