ကျွန်တော်ငယ်ငယ်လေးကတည်းဖွားဖွားလက်အောက်မှာပဲကြီးလာတာဆိုတော့ဖွားဖွားဘာပဲလုပ်လုပ်၊ဘာပဲပြောပြောကျွန်တော်နားထောင်ခဲ့တယ်အခုအရွယ်ထိဖွားဖွားစကားဆိုတစ်ခွန်းမှမလွန်ဆန်ခဲ့ပဲဖွားဖွားစိတ်တိုင်းကျအမြဲနေတယ်
တစ်နေ့ကျတော့ဖွားဖွားကကျွန်တော့်ဘဝရှေ့ရေးအတွက်ပြောလာတယ်
ကျွန်ဝောာ့်ကိုအိမ်ထောင်ပြုပေးဖို့အကြောင်း...ကျွန်တော်ကလည်းဗျာသိတဲ့အတိုင်းပဲဖွားဖွားကဒါဆိုဒါလုပ်တဲ့ကောင်ဆိုတော့လည်းဘာမှမငြင်းခဲ့ဘူး..။
ဖွားဖွားကကျွန်ဝောာ်လက်ထပ်ရမဲ့လူအကြောင်းပြောပြခဲ့ပါတယ်။
Grandma _"သားလက်ထပ်ရမဲ့သူကဖွားဖွားသမီးရဲ့သားလေးပဲ...တစ်ခါသားကိုပြောပြဖူးတယ်လေအဖွားမှာသမီးတစ်ယောက်ရှိတယ်ဆိုတာ.."
JM_"သား?"
ကျွန်တော်ကသားဆိုတဲ့အသံကြားတော့အံဩသွားတယ်ကျွန်တော်လက်ထပ်ရမဲ့သူကယောက်ကျာလေးလားပေါ့...။
ကျွန်ဝောာ်အဲ့လိုပြောလိုက်တော့ဖွားဖွားကပြုံးပြီးကျွန်ဝောာ်ပခုံးပေါ်လက်တင်ပြီးပြောတယ်
Grandma _"ဟုတ်တယ်သားလေး..သူကနည်းနည်းဆိုးတယ်လို့သူ့အမေကပြောဖူးတယ်၊ အဲ့ဒါကသူ့ဘဝအတွက်လည်းမကောင်းသလိုသူ့ရဲ့ရှေးရေးအတွက်လည်းမကောင်းဘူးလေ အဲ့ဒါကြောင့်ဖွားကသားလိုမျိုးစိတ်ရှည်ပြီးသည်းခံတတ်တဲ့ကောင်လေးနဲ့သင့်တော်မယ်ထင်လို့"
ကျွန်တော်လည်းဖွားဖွားပြောတာကိုနားထောင်ရင်းဘာမှပြန်မပြောနိုင်ပဲခေါင်းကိုငုံ့ထားမိလိုက်တယ်
ယောင်္ကျားလေးဆိုတော့နည်းနည်းတော့စိတ်ထဲခုပေမဲ့လည်းဖွားဖွားရဲ့စကားဖြစ်နေသေးတယ်ကျွန်ဝောာ်လည်းဘာပြန်ပြောရမှန်းမသိခေါင်းချည်းပဲငုံ့ထားတဲ့အချိန်မှာဖွားဖွားကကျွန်တော့်ကိုကြည့်ပြီးရယ်လိုက်တယ်...။
Grandma _"ယောင်္ကျားလေးဖြစ်နေလို့ငါ့သားစိတ်ထဲခုသွားတယ်မလား ဒါပေမဲ့စိတ်မပူပါနဲ့ဖွားတစ်ခုပြောပြမယ်လက်ထပ်တယ်ဆိုတဲ့နေရာမှာလည်းယောင်္ကျားဆိုမိန်းမနဲ့ပဲလက်ထပ်ရမယ်မိန်းမဆိုယောင်္ကျားနဲ့ပဲလက်ထပ်ရမယ်ဆိုပြီးဘယ်ဘုရားကမှမဟောခဲ့ပါဘူးဒါတွေအားလုံးကအချစ်ကနေပြီးဖြစ်တည်လာတာမို့အပြစ်တင်လို့မရဘူး နောက်ပြီးတော့အဖွားရဲ့အချစ်ဉီးကိုသိရင်သားအံဩသွားလိမ့်"

YOU ARE READING
ဟန်ဆောင်၍မရခဲ့သောအချစ်
Fanfiction♡...'ကျွန်တော်ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူးHyung'...♡