ဒီနေ့ Biyoကအပြင်သွားစရာရှိတယ်ဆိုလို့ကျွန်တော်နဲ့Runနှစ်ယောက်ပဲရှိတာ ထိုင်နေကြဆိုင်မှာကျွန်တော်တို့နှစ်ယောက်တည်းပေါ့....။ဟိုအကြောင်းဒီအကြောင်းပြောနေရင်းSusanကသူ့ကိုလာခေါ်ခိုင်းပြန်တယ် ကျွန်တော်လည်းRunကိုဆိုင်ထဲမှာတစ်ယောက်တည်းထားခဲ့ပြီးကျွန်တော့်ကောင်မလေးရဲ့ဆိုင်ဘက်ကိုကားနဲ့ထွက်သွားတယ်.....
ကျွန်တော့်ကောင်မလေးရဲ့ဆိုင်ကိုရောက်တော့ဆိုင်ရှေ့မှာသူ့ကိုရပ်စောင့်နေလိုက်တယ်သူထွက်လာတော့ကျွန်တော့်ကိုသူသွားချင်တဲ့နေရာကိုလိုက်ပို့ခိုင်းတယ်
Susan _"ကိုကို ချစ်လေအခုအသစ်ဖွင့်ထားတဲ့ပန်းခြံဆိုတဲ့နေရာလေ အဲ့ကိုသွားချင်တယ်လိုက်ပို့ပါလားကိုကို"
JK_"သွားချင်လို့လား? အဲ့ကိုဘာသွားလုပ်မလို့လဲဟိုမှာRunတစ်ယောက်တည်းဆိုင်ထဲမှာကျန်ခဲ့တယ်"
Susan _"ဟာ အဲ့တာဘာလုပ်ရမှာလဲသူ့ဟာသူကျန်ကျန်ပေါ့ ချစ်ကဒီအတိုင်းကိုကိုနဲ့အတူတူသွားချင်လို့ကိုနောက်ပြီးအဲ့မှာရှုခင်းတွေလှတယ်တဲ့ချစ်ကကိုကိုနဲ့အတူတူဓာတ်ပုံလည်းရိုက်ချင်တယ်"
ကျွန်တော်လည်းမသွားချင်ဘူးRunနဲ့အတူတူဆိုင်ထဲမှာပဲထိုင်ပြီးစကားလေးပြောရင်းသောက်ချင်တာဒါမဲ့ကိုယ့်ကောင်မလေးကလိုက်ပို့ဆိုတော့လည်းလိုက်ပို့ပေးလိုက်ရတာပေါ့ဗျာ
JK_"ကဲကဲ ဟုတ်ပြီလိုက်ပို့ပေးမယ်ဟုတ်လား"
Susan _"ရေးးးဒါမှကိုကိုကွ"
JK_"ကားပေါ်တက်"
Susan _"ဟုတ်ကဲ့ပါ"
Susan ကားပေါ်တက်တာနဲ့ကျွန်တော်လည်းသူသွားချင်တဲ့နေရာကိုမောင်းလာခဲ့တယ် အဲ့နေရာကိုရောက်တော့အပြင်ပိုင်းကတော့သပ်သပ်ရပ်ရပ်နဲ့တော်တော်လေးလှတယ်ဗျ အင်းပေါ့အသစ်ဖွင့်ထားတာဆိုတော့လည်းလှမှာပေါ့ဖွင့်ထားတာဘယ်လောက်မှတောင်မကြာသေးဘူးနာမည်ကြီးနေပြီအဲ့ပန်းခြံက...
Susan နဲ့ကျွန်တော်လည်းလျှောက်ပတ်ကြည့်ဓာတ်ပုံတွေအတူတူရိုက်သူစားချင်တာဝယ်ကျွေးပြီးနောက်ပန်းခြံထဲကပြန်ထွက်လာတယ်

YOU ARE READING
ဟန်ဆောင်၍မရခဲ့သောအချစ်
Fanfiction♡...'ကျွန်တော်ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူးHyung'...♡