Part - 1

391 29 7
                                    


ညကောင်းကင်ယံကကြယ်‌ကလေးတွေကလင်းလက်နေသလောက်ညလေးတွေကတဖြူးဖြူးတိုက်ခတ်ပြီးအေးချမ်းနေသလောက်အိမ်တစ်အိမ်ထဲမှာတော့ဆူညံသံတွေတစ်ထပ်ထပ်ကြားနေရလေသည်။

ကျွန်တော့်နာမည်ကJeon Jungkookပါ
ကျွန်‌တော်ကအပေါင်းအသင်းအရမ်းမက်တာလေ
ကျွန်တော်မှာစုစုပေါင်းသူငယ်ချင်းသုံးယောက်ရှိပါတယ်ဒါကတော့အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဆိုရမှာပေါ့ကျန်တဲ့သူငယ်ချင်းတွေကျတော့သိပ်ပြီးမရင်းနှီးကြဘူး

ကျွန်တော့်ကောင်တွေကအရမ်းဆိုးကြတာဗျ
ကျွန်တော်ကတော့အဆိုးဆုံးလို့ပဲပြောရမလား
ကျွန်တော်တို့ကအရမ်းရင်းနှီးတဲ့သူငယ်ချင်းသာပြောတာအချိန်တိုင်းရန်ဖြစ်နေတာကျွန်တော်တို့သုံးယောက်ပဲလေ

များသောအားဖြင့်အဲ့ကောင်တွေကျွန်တော့်အိမ်မှာပဲအချိန်ဖြုန်းလေရှိကြတယ်တစ်ခါတစ်လေဆိုညပါအိပ်တဲ့အထိပဲဗျာဒီနေ့ညလည်းအဲ့ကောင်တွေ
အိမ်မှာလာအိပ်ကြလို့မအိပ်ခင်လေးဂိမ်းဆော့နေတာဗျာဂိမ်းကလည်းမြွေဂိမ်းလေးပါပဲအဲ့ဒါကိုစကားများနေကြတာ....

"ရားးးဟျောင့်မင်းသောက်ကျစ်မယုတ်နဲ့ဟိတ်ကောင်!"

"ဘယ်မှာသောက်ကျစ်ယုတ်တာလည်းငါအံစာတုန်းခေါက်တာ6ကျလို့အဝေးရောက်သွားတာပေါ့"

"နေစမ်းပါကွာမင်းတို့ကောင်တွေကလည်းနားကိုငြီးနေတာပဲဒီမှာငါခေါက်လိုက်တာ6ကျသွားပြီးဆိုတော့ငါခြောက်ကွက်ရွေ့လိုက်ရင်ပန်းတိုင်ရောက်ပြီ....ဒါပဲကွငါနိုင်ပြီ ဟဟ!"

"ဟမ် ဟျောင့်ဟျောင့်အဲ့လိုလုပ်လို့မရဘူးငါတို့မတွေ့လိုက်ဘူးပြန်ခေါက်ပြန်ခေါက်"

"ဟုတယ်ဟုတယ် ပြန်ခေါက်ငါတို့မတွေ့လိုက်ဘူး"

"ဟာမင်းတို့ကငါ့ကိုမယုံဘူးလား မင်းတို့ဘာသာမင်းတို့သောက်စကားများနေကြပြီးတော့ငါခေါက်လိုက်တာမတွေ့ဘူးမလား ပြန်မခေါက်နိုင်ဘူးငါနိုင်တာကနိုင်တာပဲ"

"မရဘူးဟျောင့်အနိုင်မပေးဘူးငါတို့မတွေ့လိုက်လို့"

"ဟုတယ်ပြန်ခေါက်ပြငါတို့ကို"

ဟန်ဆောင်၍မရခဲ့သောအချစ်Where stories live. Discover now