ကျွန်တော်အိပ်ယာနိုးတော့မနက်ဆယ်နာရီထိုးနေပြီအိပ်ယာဘေးကိုကြည့်လိုက်တော့JKကမရှိဘူးကျွန်တော်ဖြည်းဖြည်းချင်းထထိုင်တော့ခေါင်းကနည်းနည်းမူးပြီးခေါင်းတွေနာလိုက်တာဆိုတာတင်ပါးတွေလည်းနာနေတယ်.....
JM_"အင်းးး"
ကျွန်တော်လည်းညည်းပြီးဖြည်းဖြည်းထလိုက်တယ်အောက်ကအခင်းတွေကညစ်ပတ်နေပြီဆောင်တွေလည်းခုတင်အောက်မှာကျနေတယ်ညကတော်တော်ကြမ်းသွားတယ်ထင်တယ်....
JKကဘယ်ရောက်သွားလဲမသိဘူး သူမအိပ်ဘူးလား? ကျွန်တော်တောင်အိပ်ပျော်သွားတာကိုဒါမှမဟုတ်ကျွန်တော့်ထက်အရင်နိုးနေတာလား?
မစဉ်းစားတတ်တော့ပါဘူးဗျာ....မနက်ဆယ်နာရီတောင်ထိုးနေပြီဆိုတော့ကျွန်တော်ထမှဖြစ်တော့မယ်JKအတွက်နေ့လည်စာတွေလည်းဘာမှမချက်ရသေးဘူးမနက်စာလည်းမပြင်ပေးရသေးဘူးဆယ်နာရီတောင်ကျော်နေပြီ....
ခုတင်ပေါ်ကထပြီးရေချိုးခန်းထဲဝင်ပြီးတစ်ကိုယ်ရေးသန့်ရှင်းရေးအရင်လုပ်တယ်အဝတ်အစားလဲပြီးမှာအိပ်ယာခင်းကိုအဝတ်လျှောက်စက်ထဲထည့်ပြီးအောက်ထပ်ကိုဆင်းလာတော့လှေကားမှာတင်မိန်းကလေးတစ်ယောက်ရဲ့ရယ်သံကိုကြားလိုက်ရတယ်......
ကျွန်တော်လည်းလှေကားကနေဆက်ဆင်းလာပြီးဧည့်ခန်းထဲဝင်သွားတော့JKနဲ့ဟိုကောင်မလေးပဲစားပွဲပေါ်မှာလည်းအစားအစာတွေနဲ့TVကြည့်နေကျတာပဲ....
သူတို့ကကျွန်တော့်ကိုသတိထားမိပုံမပေါ်ဘူး
ကျွန်တော်လည်းပြန်ထွက်သွားမယ်လုပ်တော့JKကသတိထားမိသွားတယ်ထင်တယ်ကျွန်တော့်ကိုလှမ်းခေါ်တယ်...JK_"Park Jimin"
ကျွန်တော်ပြန်လှည့်ကြည့်တော့JKကကျွန်တော့်ကိုကြည့်နေတယ်ဟိုကောင်မလေးကိုကြည့်ပြန်တော့ကျွန်တော်လည်းဘာမှမလုပ်ဘူးမျက်စောင်းထိုးနေပြီ...။
JK_"နေ့လည်စာမချက်နဲ့တော့ဒီနေ့သူနဲ့အပြင်မှာထွက်စားမှာ"
JM_"အော်..အင်း"
JK_"ပြီးတော့ကျွန်တော်တို့ဈေးဝယ်ထွက်အုံးမှာ အဲ့ဒါခင်ဗျားလိုက်ချင်ရင်လမ်းကြုံ့လိုက်ခဲ့"

YOU ARE READING
ဟန်ဆောင်၍မရခဲ့သောအချစ်
Fanfiction♡...'ကျွန်တော်ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူးHyung'...♡