ဒီနေ့ကကျွန်တော့်ရွာကိုနှုတ်ဆက်ရမဲ့နေ့လေးပေါ့
ဂျောင်ဂုတို့လာတာဒီနေ့ဆိုတစ်ပတ်ပြည့်ပြီလေတစ်ပတ်ပြည့်ရင်ကျွန်တော့်ကိုခေါ်ပြီးမြို့ကိုပြန်ကြတော့မှာ...အမှန်အတိုင်းပြောရရင်ကလေးတွေကိုမခွဲနိုင်ဘူးဗျဖွားဖွားကိုလည်းမခွဲနိုင်ဘူးကိုယ့်ညီမလေးအရင်းတစ်ယောက်လိုချစ်ရတဲ့Jichawကလည်းကျွန်တော့်ရဲ့သတင်းကိုကြားပြီးငိုလို့ချော့ပြီးနှစ်သိမ့်ပေးခဲ့ရသေးတယ်နောက်ဆိုသကြားလုံးတွေအထီးကျန်နေတော့မှာပဲတဲ့....
အထူးသဖြင့်ကျွန်တော့်ရဲ့ကိုယ်ပိုင်နေရာလေးကကျွန်တော်မရှိတော့အထီးကျန်ပြီးတိတ်ဆိတ်နေတော့မှာပဲ ကလေးတွေလည်းကျွန်တော်မရှိရင်အဲ့ကိုသွားကြမှာမဟုတ်ဘူး ကျွန်တော်မသွားခင်ကျွန်တော့်သစ်ပင်ကြီးကိုလည်းနှုတ်ဆက်ခဲ့သေးတယ်....
အကုန်လုံးနှုတ်ဆက်ပြီးသွားခံနီးကျတော့ကလေးလေးတွေကကျွန်တော့်ကိုလာဖက်ကြတယ်
Children 1_"ကိုကိုဂျီမင်းဟိုရောက်ရင်သားတို့ကိုမမေ့နဲ့နော်"
Children 2_"ဟုတ်တယ် သမီးတို့ကိုလည်းအမြဲလွမ်းနေရမယ်နော်"
Children 3_"နောက်ပြီးဒီကိုမကြာခဏလာလည်နော်ကိုကို"
ကလေးတွေကငိုသံလေးတွေနဲ့ပြောတော့ကျွန်တော်လည်းစိတ်ထဲမကောင်းဖြစ်ပြီးငိုချင်လာတာပေါ့ ဒါပေမဲ့လည်းပြန်ထိန်းထားလိုက်ပါတယ်
JM_"စိတ်ချပါခဗျ ကျွန်တော်မျိုးကလေဒီကိုခဏခဏလာလည်ပြီးတော့အကုန်လုံးကိုလည်းအများကြီးလွမ်းနေမှာ ကိုကိုလာလည်တဲ့အခါကျရင်လည်းမုန့်တွေအများကြီးဝယ်ခဲ့မယ်ဟုတ်လား"
ကလေးတွေကခေါင်းတစ်ညိတ့်ညိတ့်လုပ်ပြီးကားထဲမှာဘာမှဂရုမစိုက်သလိုထိုင်နေတဲ့ဂျွန်ဂျောင်ဂုကိုတစ်ချက်ကြည့်လိုက်ပြီးပြောသေးတယ်...
children 1_"နောက်ပြီးအဲ့ကိုကြီးကမယဉ်ကျေးလို့ယဉ်ကျေးအောင်ကိုကိုသင်ပေးလိုက်နော် နောက်တစ်ခါရွာကိုလာရင်ယဉ်"ကျေးပြောတက်အောင်လို့"
ကားထဲကထိုင်နေတဲ့ဂျောင်ဂုကသူ့ကိုပြောသံကြားတော့ချက်ချင်းလှည့်ကြည့်ပြီးပြန်ပြောတယ်

YOU ARE READING
ဟန်ဆောင်၍မရခဲ့သောအချစ်
Fanfiction♡...'ကျွန်တော်ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူးHyung'...♡