"ဒီကျွန်ယုတ်တွေ
ရာရာစစ ငါ့လက်ထဲက
ထွက်ပြေးရဲကြတယ် ဟုတ်လား။
ခြေဖနောင့်တွေကို ဖြတ်စမ်း။"ငိုယိုသံများဖြင့် အော်ဟစ်ဆူညံကုန်ကြသည်။
ဝဝဖီးဖီးနှင့် ချင်လူမျိုးကုန်သည်ကြီးကား
အော်သံတွေကို မည်သို့မျှမဖြုံသည့်ပုံနှယ်
စားပွဲတွင်ဝင်ထိုင်လိုက်ရင်း
စားလက်စ အသားတုံးကြီးကို
မြိန်ရည်ရှက်ရည် ဆက်လက်၍
ကိုက်ဖဲ့ကာ စားသုံးလျက်ရှိသည်။ဂျိုဆွန်းလူမျိုး ယောက်ျားမိန်းမကျွန်တစ်စုမှာ
ကူပါကယ်ပါဖြင့် အော်ဟစ်ငိုယိုလျက်ပင်။ကုန်သည်ကြီးကား အသားတုံးကို ကိုက်ဖဲ့ရင်းမှနေ၍
တစ်ချက်ကြည့်လိုက်တော့ ကျွန်များကြားထဲမှ
တစ်ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ဦးက
သူ့အား စူးစူးရဲရဲစိုက်ကြည့်နေသည်ကို
မြင်လိုက်ရတော့
ဒေါသက ခပ်ပြင်းပြင်းထွက်လာသည်။လက်ထဲမှ အသားတုံးအား ပစ်ချလိုက်ပြီးနောက်
ထိုကောင်လေး၏ရှေ့အား လျှောက်သွားလိုက်သည်။"မင်းက ဘာလဲ။
ငါ့ကို သတ်ချင်တာလား။""ဟျောင်းနင်းမ်...ဟျောင်း
ဆက်မကြည့်ပါနဲ့တော့။"ကုန်သည်လူဝကြီးမှာ သူ့ကို ဆက်လက်၍
သားရဲဆန်ဆန်ကြည့်နေသော
ကောင်လေးကို ဒေါသထွက်နေသော်လည်း
ထိုကောင်လေးကို တားနေသော
ဘေးမှ ကောင်လေးဆီ
အကြည့်က ရောက်သွားမိသည်။"ဟေ့ကောင်
ဘေးကကောင်
မင်းခေါင်းကိုမော့လိုက်စမ်း။"အသက်ဆယ့်လေးနှစ်အရွယ်ခန့် ကောင်ငယ်လေးက
သူ့စကားကြောင့် ခေါင်းကို ပို၍ပင်
ငုံ့ချလိုက်သောကြောင့် စိတ်တိုလာကာ
သူ့ရှေ့တွင် ဒူးတုတ်ထိုင်ချလိုက်ရင်း
မေးကိုဆွဲမော့ကာ ထိုကလေး၏ မျက်နှာသွင်ပြင်ကို
ကြည့်ရှူလိုက်သည်။"ဟေ
ငါ မင်းကို အရင်ကမမြင်ခဲ့ဖူးပါဘူး။
အတော်ကိုပဲ ကြည့်ရှုကောင်းတဲ့
အသွင်လေးပါလား။
ဟားဟားဟား
အားးးးးးးးး"ရယ်သံနဲ့ တစ်ဆက်တည်းမှာပင်
လူဝကြီး၏ စူးစူးဝါးဝါးအော်သံမှာ
ထိုစံအိမ်ထဲတွင် ဟိန်းခနဲမြည်သွား၍
အားလုံးထိတ်ပြာကုန်ကြသည်။
YOU ARE READING
Forbidden Melodies
Fanfiction"အကျွန်ုပ်၏ လည်ချောင်းသွေးခမ်းသည်အထိ သီဆိုမည့် ဂီတသီချင်းတစ်ပုဒ်အား အရှင့်သား ရွှေနားတော် လာဆင်လှည့်ပါဦး" ဂီတလုလင်လေး၏ဖြစ်အင်ကို လူအများက သနားဂရုဏာသက်စွာဖြင့် ငေးကာကြည့်နေကြသည်။ အရှင့်သား၏ နန်းတက်ပွဲမင်္ဂလာနေ့ရက်မြတ်မှာမှ ဤကဲ့သို့ ကွက်မျက်မှုဟူသည် မ...