Prologue

627 44 7
                                    



"ချင်တိုင်းပြည်၏ လက်အောက်တွင်
ကျရောက်နေရသည့် ဂျိုဆွန်းပြည်ကြီး၏
အနာဂတ်ကား လွန်စွာမှ
မှောင်မိုက်လျက်ရှိနေသည်။

စစ်မက်ကြီး ဖြစ်ပွါးပြီးသည့်နောက်
ချင်တိုင်းပြည်မှ လူချမ်းသာ ချင်လူမျိုးများသည်
ဂျိုဆွန်းပြည်အတွင်းမှ ပြည်သူများကို
ကျွန်ပြုစနစ်ဖြင့် အုပ်ချုပ်စိုးမိုးခဲ့ကြသည့်
နှစ်များကား မနည်း။

ဂျိုဆွန်း၏ ပြည်သူပြည်သားများမှာ
ဆင်းရဲခြင်းဒုက္ခအတိဖြင့်
နေ့စဉ်ရက်ဆက်
ရက်စက်ကြမ်းကြုတ်လွန်းလှသည့်
ချင်လူမျိုးများ၏လက်ထဲတွင် ရုန်းကန်ရင်း
သေမင်း၏လက်ထဲမှနေ၍
အသက်ရှင်ရုံတမျှစာသာ
မျှော်လင့်ခြင်းကင်းမဲ့စွာ
ဖြတ်သန်းနေရသည့်
အမှောင်နေ့ရက်များဖြစ်သည်။

ထိုသို့နေ့ရက်များသည်
ယခုလက်ရှိတွင် လွတ်မြောက်တော့မည်လော။

အရှင့်သား အိမ်ရှေ့စံ

အရှင့်သား
အရှင်မင်းသား အိမ်ရှေ့စံ၏
ကြိုးပမ်းမှုတွေကြောင့်
ဂျိုဆွန်းပြည်၏ မျှော်လင့်ချက်တို့သည်
ရောင်ခြည်ပြန်လည်သန်းစပြုလာပေပြီ။

ထက်မြက်သော အရှင့်သား။

လိမ္မာပါးနပ်တော်မူသော အရှင့်သား။

ချင်လူမျိုးများပင် အထင်ကြီးလေးစားရအောင်
အရှင့်သား၏ လုပ်ဆောင်ချက်များသည်
အင်မတန် ချီးကျူး ဂုဏ်ယူဖွယ်ရာ။

ယခုလည်း ကြည့်ကြပါလင့်။

ချင်လူမျိုးများထံ ထောက်ပံ့နေရသည့်
စိုက်ပျိုးရေးရာပစ္စည်းနှင့် ဆန်များကို
ဆက်လက်ထောက်ပံ့စရာ မလိုလောက်အောင်
ချင်နိုင်ငံအပြင် ကျန်သည့် တစ်ဘက်နိုင်ငံများနှင့်
ဆွေးနွေးစည်းရုံးကာ စွမ်းဆောင်နိုင်ခဲ့သည်မှာ
အလွန်ပင် ချီးကျူးဖွယ်ရာအတိ။

လာမည့်အချိန်များတွင်
အရှင့်သား၏ လုပ်ဆောင်မှုများနှင့်အတူ
ဂျိုဆွန်းပြည်ကြီး လွတ်မြောက်နိုင်မည်ဟု
ပြည်သူတို့အားလုံး ယုံကြည်မှုအပြည့်ဖြင့်။"

Forbidden MelodiesWhere stories live. Discover now