လွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။
ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ...
ဟိုးအဝေးက ရယ်သံလွင်လွင်လေး။မင်းဘယ်မှာများလဲ အချစ်ရေ......။
Coffee Story။
~~~~~~။
မိုးတွေသဲမဲစွာရွာနေခဲ့သောတက္ကသိုလ်တစ်ခု၏
လမ်းတစ်နေရာ။"ငါတို့ တစ်ခုလောက်ပိုဝယ်ရအောင် ဟေမီ"
"ဘာလို့လဲ နင်ကုန်တာလည်းမဟုတ်ဘဲ
မုန့်ကအများကြီးရတာကို....""ငါ ဟို နားက လူကြီးကိုကျွေးချင်လို့...."
တက္ကသိုလ်ကျောင်းသူမလေးတစ်စုသည်
သူမတို့သူငယ်ချင်းလက်ညိုးထိုးပြသော
နေရာကိုပြိုင်တူကြည့်လိုက်ကြသည်။မိုးရေထဲတွင်အကာအကွယ်တစ်ခုမှမပါဘဲ
ကျောက်ရုပ်လိုရပ်နေသောလူတစ်ယောက်သည်
သူမတို့နှင့်မလှမ်းမကမ်းတွင်ရှိနေသည်။
မိုးအလွန်သဲမဲနေခြင်းတွင်အေးစက်ခြင်း
ကိုဘာမှမခံစားရသလိုမတ်တပ်စုံရပ်နေသည်။
မျက်လုံးတွေသည်သူမတို့ကိုကြည့်နေပုံပေါ်ပြီး
အိမ်ခြေမဲ့တစ်ဦးဖြစ်ဖို့ဟန်များပါ၏။"မုန့်စားချင်လို့နဲ့တူတယ် ငါတို့မုန့်တွေကို
ဆက်တိုက်ကြည့်နေတာ""အေး..နော် သနားပါတယ် အဲ့တာဆိုလည်းဝယ်လိုက်လေ"
"ကျောင်းသူမလေးတွေ မုန့်သွားပေးမလို့လား
သတိထားနော် အဲ့ဒီလူက စိတ်ပုံမှန်မဟုတ်ဘူး
အရမ်းဆိုးတာမျ်ုးမဟုတ်ပေမယ့် သတိပေးတာ"ဆိုင်ပိုင်ရှင်အန်တီကြီးကသတ်ိပေးတော့
ကျောင်းသူမလေးတွေသည်ခေါင်းကိုယ်စီငြိမ့်ကြကာ"ဟုတ်အန်တီ တောက်လျှောက်ကြီးသမီးတို့
မုန့်ဝယ်နေတာကိုကြည့်နေတော့ သူဆာနေတာ
ဖြစ်လိမ့်မယ် ပေးပြီး ချက်ချင်းသွားမှာပါ""အင်း အင်း....."
ခဏအကြာမှာထားသမျှမုန့်တွေရပြီမလို့ကျောင်းသူမလေးတွေ
သည်ထီးကိုယ်စီဖြင့် မိုးရေထဲမတ်တပ်ရပ်နေသော
လူဆီပြေးသွားကြသည်။အနီးအနားကိုရောက်သွားကြတဲ့အခါမတ်တပ်ရပ်
နေသောလူသည်သူမတို့အုပ်စုလိုက်ကြီးရောက်လာ
တာမို့အံ့ဩသလိုကြည့်လာသည်။
YOU ARE READING
Coffee Story
Fanfictionလွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။ ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ... ဟိုးအဝေးက ရယ်သံလွင်လွင်လေး။