☕️4☕️

1.4K 278 13
                                    


ကျွန်တော်တို့ခင်မင်ခဲ့ပြီးနောက်ပိုင်း
အမှတ်တရတွေအများဆုံးကပ်ငြိခဲ့တဲ့နေရာက
သူနဲ့စတွေခဲ့တဲ့Coffee ဆိုင်အဟောင်းလေးပဲ။
သူကျောင်းပြန်တိုင်းသွားကြိုပြီးညနေတိုင်း
အတူတူCoffee သောက်ခဲ့ကြသည့်နေဝင်ချ်ိန်တွေဟာ
ဆွေးမြေ့သလိုခံစားရပေမယ့်သူရှိနေလ်ို့လန်းဆန်းခဲ့ရတယ်။

"အစ်ကို Coffee ဘာလို့ကြိုက်တာလဲ...
ပြီးတော့ ဒီဆိုင်ဟောင်းလေးမှာပဲ ပျင်းစရာမကောင်းဘူးလား"

"လူနည်းလို့...မဆူညံလို့...."

"Introvert ပေါ့"

"အင်း ဆိုပါတော့"

"မင်းကရော....."

"မသိဘူး.....ကျွန်တော်က အများကြီးရောနေတယ်
တချို့နေ့တွေမှာ အခန်းထဲပိတ်ပြီးငြိမ်နေချင်တယိ
တချို့နေ့တွေကျတော့ ကမ္ဘာပတ်ချင်တယ်
မရောက်ဖူးတဲ့နေရာတွေ မစားဖူးတဲ့အစားအသောက်တွေ
အတွေ့အကြုံအသစ်တွေ စူးစမ်းချင်တယ်
ကျွန်တော့်အတောင်ပံတွေကိုအဆုံးအထိဖြန့်ပစ်လိုက်
ချင်တာမျိုး...."

"အိမ်မက်လား...."

"အိမ်မက်ပေါ့...ကမ္ဘာပတ်ပြီးစွန့်စားချင်တာ
အဲ့တာကြောင့် နိုင်ငံခြားထွက်ရဖို့ကိုတအားအားစိုက်နေတာလေ"

"တိကျတဲ့ အ်ိမ်မက်ရှိတာကောင်းတယ်"

"အစ်ကို့မှာမရှိဘူးလား..."

"အဖိုးဖြစ်စေချင်တာနဲ့ အမေစီစဉ်တဲ့အပေါ်မှာ
သွားရတာ..."

"ဘာလို့ ကိုယ့်အနာဂါတ်ကို မစီမံတာလဲ"

"ပုံသေနည်း...ကိုယ့်မိသားစုပုံစံကိုကအဲ့လ်ိုမျိုး..."

"တစ်မျိုးပဲ.....ကျွန်တော်ကတော့မရဘူး
ကိုယ့် အနာဂါတ် ကိုယ့်ဟာကိုယ်ပဲခြစ်ရမှ"

Coffee ရောက်လာတဲ့အခါJeonကသေချာ
ဖျော်ပေးပြီး အိမ်မက်တွေအကြောင်းအားပါးတရ
ပြောနေသောကောင်လေးဘက်ကိုတွန်းပေးသည်။
ခပ်ချိုချိုကိတ်မုန့်လေးကိုလည်းတွန်းပေးကာ
တစ်ရှူးလေးတစ်ရွက်လေးကိုလည်းချပေးလိုက်သည်။

Coffee StoryWhere stories live. Discover now