1 Week Later...။
"ဒီဆေးချိတ်ပြီးသွားရင်တော့ကျွန်တော်Jiminဆီသွားမယ်
ကျောင်းသွားကြိုရမှာ အရမ်းနောက်ကျနေပြီ...."ဆေးရုံခန်းတစ်ခုထဲကJeonသည်နိုးလာတဲ့အခါ
တာဝန်တစ်ခုနောက်ကျနေသည့်ဟန်ဖြင့်
ကုတင်ပေါ်ကထတော့ အမေဖြစ်သူသည်
Jeonထံပြေးလာသည်။"လက်ခံစမ်းပါ.....လက်ခံပေးလ်ိုက်စမ်းပါ
JeonJungkook ရယ် တောင်းဆိုပါတယ်...!!!!"သားဖြစ်သူ၏လက်ဖဝါးတွေအားဆုပ်ကိုင်လျှက်
အော်ဟစ်လာသည်။"ဘာ...ကို ...လဲ....."
အေးစက်စက်မျက်ဝန်းတွေ...မတော်တဆမှုမှာ
ရခဲ့သောမျက်နှာပေါ်ကအသေးစားဒဏ်ရာတချို့
ဖြူဖျော့နေသောနှုတ်ခမ်းတွေ။အရောင်မဲ့နေသော
မျက်နှာသည်ဆေးရုံတွင်ရောဂါအခြေအနေ
မျှော်လင့်ချက်မရှိတောလူနာတစ်ယောက်ထက်
ပို၍အခြေအနေဆိုးနေခဲ့သည်။"သူ မရှိတော့ဘူး....အဲ့ညမှာပဲ.....မရှိတော့တာမလို့
အရူးလိုတွေလုပ်မနေပါတော့နဲ့!!!"အေးစက်စက်မျက်လုံးတွေကနေ
လှုပ်ခတ်လာသောမျက်လုံးတွေဆီကို
ပြောင်းလဲသွားပုံကစက္ကန့်ပိုင်းအတွင်း။
တစ်ကိုယ်လုံးတုန်ရီလာကာ"ကျောင်းမှာ......သူ့Major ဆောင်ရှေ့က
ခုံတန်းမှာ ကျွန်တော်ကျောင်းလာကြိုမှာကိုစောင့်နေတယ်""မဟုတ်ဘူး....မဟုတ်ဘူးလို့!!!!!"
"ဟုတ်တယ်!!!!
လက်မှာထိုးထားတဲ့အပ်တွေအားလုံးကို
ဆွဲထုတ်တော့သွေးတွေပန်းထွက်လာသည်။
Jeon သည်အရူးတစ်ယောက်လိုဆောက်တည်ရာမရ
ဖြစ်နေခဲ့ပြီးကုတင်ပေါ်မှပြေးဆင်းတဲ့အခါ
လမ်းပေါ်လွင့်ထွက်သွားတဲ့အရှိန်ကြောင့်ခြေထောက်
တွေနာကျင်နေကာမထောက်နိုင်လဲကျသွားသည်။"အခြေအနေအမှန်ကိုလက်ခံမှပြန်ကောင်းမှာ
အဲ့တာကြောင့် .....အဲ့တာကြောင့် .......""အား!!!!!!"
မြင်ရတွေ့ရာအားလုံးကိုလွှတ်ပစ်ကာ
ကြမ်းပြင်ပေါ်လူးလိမ့်နေသောဘယ်သူ့မှ
ဝင်ဖြေသိမ့်မရတော့တဲ့ရူးသွပ်မှု။နာကျင်မှု
ဖြေမဆည်နိုင်မှုတွေသည်ဆိုးဝါးသောငိုငြီးသံတွေ
ရဲ့ကြားမှာ.....။
YOU ARE READING
Coffee Story
Fanfictionလွမ်းဆွေးဖွယ်ရာ အညိုရောင်ပုံပြင်လေး...။ ဒီတက္ကသိုလ်နဲ့ ဒီလမ်းတွေ... ဟိုးအဝေးက ရယ်သံလွင်လွင်လေး။